News

Nokia ရဲ့ ပထမဆုံး Tablet ဖြစ်တဲ့ Lumia 2520 ကို နို၀င်ဘာလ(၂၂) ရက်နေ့မှာ ရောင်းမည်

Nokia ရဲ့ ပထမဆုံး Tablet ဖြစ်တဲ့ Lumia 2520 ကို AT&T Wireless Carrier ကနေ နို၀င်ဘာလ(၂၂) ရက်နေ့မှာ ရောင်းချမှာဖြစ်ပါတယ် လို့ Nokia က တရား၀င်ပြောကြားပါတယ်။ Lumia 1520 နဲ့ Microsoft Xbox One တို့ ထွက်ရှိမယ့် နေ့ နဲ့ တူတူပဲဖြစ်ပြီး ရောင်းဈေး ဒေါ်လာ ၃၉၉.၉၉ သတ်မှတ်ထားပါတယ်။ Verizon ကနေ ဘယ်လောက်နဲ့ ရောင်းမယ်ဆိုတာတော့ ပြောကြားခြင်းမရှိပါဘူး။ Lumia 2520 ကို ပြီးခဲ့တဲ့ လ က Abu Dhabi မှာ ကျင်းပခဲ့တဲ့ Nokia World ပွဲမှာ ပထမ ဆုံးထုတ်ဖော်ပြသခဲ့တာဖြစ်ပါတယ်။

Ashampoo_Snap_03

Nokia ရဲ့ ပထမဆုံး Tablet ဟာ ၁၀.၁ လက်မ ရှိပြီး 1080p Display တပ်ဆင်ထားပြီး Nokia က ဒီနေ့ ပြသလိုက်တဲ့ပုံတွေအရ Microsoft Surface 2 Tablet နဲ့ ဆင်တူတဲ့ Keyboard Cover ပါရှိတာကိုတွေ့ရပါတယ်။ 4G LTE အသုံးပြုနိုင်မှာဖြစ်ပြီး 8,000 mAh Battery ကတော်တော်ကြာကြာ အသုံးခံမှာပါ။ အနောက်ကင်မရာ က 6.7 Megapixel ရှိပါတယ်။ Windows 8 ကိုမောင်းနှင်လည်ပတ်မှာဖြစ်ပြီး Nokia ရဲ့ ကိုယ်ပိုင် Windows 8 App တွေဖြစ်တဲ့ HERE Maps, Camera App, Storyteller Image App တို့လည်းပါရှိပါမယ်။ AT&T က 32GB Storage ပါရှိတဲ့ Lumia 2520 ကို နှစ်နှစ်စာချုပ် အပါအ၀င် ဒေါ်လာ ၃၉၉.၉၉ နဲ့ နို၀င်ဘာလ (၂၂) ရက်နေ့မှာ ရောင်းချမှာဖြစ်ပါတယ်။ Lumia 925 , Lumia 1020, Lumia 1520 တို့နဲ့ တွဲဖက်၀ယ်မယ်ဆိုရင် Lumia 2520 ကို နှစ်နှစ် စာချုပ်အပါအ၀င် ဒေါ်လာ ၁၉၉.၉၉ နဲ့ ၀ယ်ယူနိုင်မှာပါ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *