Mobile, Review

Nexus 5 Review

Android 4.4 KitKat အသုံးပြုမောင်းနှင်တဲ့ Google ရဲ့ Nexus 5 ဖုန်းဟာ စွမ်းဆောင်ရည်မြင့် Hardware တွေတပ်ဆင်ထားပြီး ဈေးနှုန်းကလည်း အခြားစွမ်းဆောင်ရည်မြင့် ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင် အလွန် သက်သာပါတယ်။ Google နဲ့ LG တို့ပူးပေါင်း ထုတ်လုပ်ထားတာဖြစ်ပြီး Pure Android ကို အသုံးပြုထားတာက Nexus ဖုန်းတွေရဲ့ ထူးခြားချက်ပါ။ ဥပမာအားဖြင့် Samsung , HTC စတဲ့ စမတ်ဖုန်းထုတ်လုပ်တဲ့ Company တွေရဲ့ Android ဟာ Pure မဟုတ်ဘဲ ဖြည့်စွက်ဆော့ဝဲတွေဖြစ်တဲ့ Samsung ရဲ့ TouchWiz, HTC ရဲ့ Sense စတာတွေပါရှိပါတယ်။ ဒါ့အပြင် Samsung, HTC တို့က ဖြုတ်မရအောင်ထည့်ပေးလိုက်တဲ့ Apps တွေလည်းပါရှိကြပါတယ်။ Nexus ဖုန်းတွေမှာ အဲဒီ ဖြည့်စွက်ဆော့ဝဲတွေ မပါရှိဘဲ Pure Android ရဲ့ အရသာကိုခံစားရမှာဖြစ်သလို Company တွေရဲ့အပို Apps တွေလည်း မပါရှိပါဘူး။နောက်ထပ် အကျိုးကျေးဇူးကတော့ Android OS အသစ်ထွက်ရင် Nexus ဖုန်းတွေဟာ Update အမြန်ဆုံးရရှိကြပါတယ်။ တစ်ခြားဖုန်းတွေကတော့ သူတို့ရဲ့ ဖြည့်စွက်ဆော့ဝဲတွေနဲ့ ကိုက်ညီအဆင်ပြေအောင် ပြုပြင်ရတာဖြစ်လို့ Android OS အသစ်ထွက်ရင် လနဲ့ချီပြီး အချိန်ကြာအောင်စောင့်ပြီးမှ Update ရရှိကြပါတယ်။ဖြည့်စွက်ဆော့ဝဲတွေမပါလို့ Nexus ဖုန်းတွေဟာ Storage များများနေရာကျန်ရှိပါတယ်။ အဲဒီထူးခြားချက်တွေပါတဲ့ Nexus 5 ဖုန်းအကြောင်းကို ဆက်လက်လေ့လာကြည့်ရအောင်။

ဒီဇိုင်း
Nexus 5 ကို အဖြူ ၊အနက် နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ ငါးလက်မအရွယ် 1080P IPS Display ကိုတပ်ဆင်ထားပြီး 1920×1080 Resolution ပါရှိပါတယ်။ တစ်လက်မကို Pixel သိပ်သည်းဆ ၄၄၅ ပါရှိပါတယ်။ အဲဒီအတွက် အလွန်မြင့်မားတဲ့ စွမ်းဆောင်ရည်ကိုပိုင်ဆိုင်ထားတာဖြစ်ပြီး ရုပ်ထွက်တွေကို အလွန်ကြည်လင်ပြတ်သားစွာ ကြည့်ရှုခံစားနိုင်ပါတယ်။ အရွယ်အစားအပြည့်အစုံက 5.43 x 2.72 x 0.34 လက်မ ဖြစ်ပါတယ်။ ၅.၄၃ လက်မ အရွယ်ဖုန်းမှာ ငါးလက်မအရွယ် Display ကိုတပ်ဆင်ထားတာဖြစ်ပါတယ်။ Display ရဲ့ အထက်မှာ လုံး၀န်းတဲ့ Earpiece ပါရှိပါပြီး အရွယ်အစားကြီးတဲ့အတွက် ဖုန်းပြောရင် အသံကျယ်လောင်စွာကြားရပါတယ်။ Earpiece ရဲ့ ဘယ်ဖက်ဘေးမှာ ကင်မရာ ပါရှိပါတယ်။ Display ရဲ့ အောက်ဖက်မှာ LED Notifier ပါရှိပါတယ်။ LED Notifier ကို Notification ထွက်ပေါ်လာမှမြင်ရတာဖြစ်ပြီး သာမာန် အချိန်မှာ မမြင်တွေ့နိုင်အောင်ပြုလုပ်ထားပါတယ်။ဖုန်းရဲ့အောက်ခြေမှာ MicroUSB Port ပါရှိပြီး အားသွင်ဖို့နဲ့ ကွန်ပြူတာ နဲ့ ချိတ်ဆက်ပြီး ဖိုင်တွေကူးပြောင်းဖို့ပြုလုပ်နိုင်ပါတယ်။အဲဒီမှာပဲ စပီကာ တစ်ခုနဲ့ Microphone တစ်ခုကို တစ်ဖက်တစ်ချက်စီမှာတွေ့ရပါတယ်။ ဖုန်းရဲ့ ညာဖက်ဘေးမှာ Power Button တပ်ဆင်ထားပြီး ဘယ်ဖက်ဘေးမှာ Volume Button တပ်ဆင်ထားပါတယ်။ အနောက်ဖက်မှာ Nexus လို့ ရေးသားထားပြီး 8MP Camera , LED Flash တပ်ဆင်ထားပါတယ်။ Nexus ဖုန်းတွေမှာ ဘက်ထရီဖြုတ်လဲလို့မရဘူးလို့ဆိုပါတယ်။ ဒါ့အပြင် MicroSD Card လည်း အသုံးပြုလို့မရပါဘူး။ Internal Storage ကို 16GB , 32GB အမျိုးအစားများ၀ယ်ယူနိုင်တဲ့အတွက် တော့ စိတ်ပူစရာမလိုပါဘူး။

စွမ်းဆောင်ရည်
Nexus 5 မှာ 2.3GHz Snapdragon 800 တပ်ဆင်ထားပြီး Adreno 330 GPU တပ်ဆင်ထားပါတယ်။ RAM က 2GB ပါရှိပါတယ်။ ဥပမာအားဖြင့်သာမာန် စမတ်ဖုန်းဖြစ်တဲ့ Galaxy S4 ဖုန်းမှာလို ဖြည့်စွက်ဆော့ဝဲနဲ့ Apps တွေမပါတဲ့အတွက် ဖုန်းလေးလံမှာပူစရာမလိုပါဘူး။ Nexus 5 မှာ Apps တွေအသုံးပြုတာ၊ ဂိမ်းတွေ ကစားတာ၊ Home Screen ကနေ Apps တွေဖွင့်တာ၊ Apps တွေကနေ Home Screen ကို သွားတာ စတာတွေပြုလုပ်ကြည့်တာ အလွန်လျှင်မြန်တာတွေ့ရပါတယ်။ Graphic အသုံးပြုမှုများတဲ့ ဂိမ်းတွေဆော့ကစားတာတောင် အလွန်လျှင်မြန်ကောင်းမွန်ပါတယ်။ ဖုန်း၊ တက်ဘလက် တွေရဲ့ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်အကဲဖြတ်ပေးတဲ့ Geekbench ရဲ့ စမ်းသပ်ချက်အရ Nexus 5 ဟာ iPad Mini 2 , iPhone 5S တို့ထက်ကောင်းမွန်ပြီး တူညီတဲ့ Chip တပ်ဆင်ထားတဲ့ Amazon Kindle Fire HDX 7 နဲ့ စွမ်းဆောင်ရည် တူညီပါတယ်။ Android 4.4 KitKat လည်ပတ်မောင်းနှင်တာကလည်း စွမ်းဆောင်ရည်ကောင်းမွန်မှုရဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အချုပ်အားဖြင့် Nexus 5 ရဲ့ စွမ်းဆောင်ရည် ဟာ အလွန်ကောင်းမွန်ပြီး ထိပ်တန်းစမတ်ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည် ကိုပိုင်ဆိုင်ပါတယ်။

ကင်မရာ
Nexus 5 မှာ အဓိကကင်မရာ အနေနဲ့ 8MP Camera တပ်ဆင်ထားပါပြီး မျက်နှာချင်းဆိုင်မှာ 1.3MP ကင်မရာ တပ်ဆင်ထားပါတယ်။ ကင်မရာကို စမ်းသပ်ကြည့်တဲ့အခါမှာ ကောင်းတဲ့အချက်တွေရှိသလို မကောင်းတဲ့အချက်တွေလည်းတွေ့ရပါတယ်။ Nexus 4 ရဲ့ ကင်မရာ ထက်အလွန်ကောင်းမွန်တာတွေ့ရပါတယ်။ ဒါပေမယ့် iPhone, Nokia Lumia 1020, LG G2 တို့နဲ့ နှိုင်းယှဉ်ရင်တော့ အလွန်အားနည်းပါတယ်။ Nexus 5 ရဲ့ ကင်မရာ App ဟာ Android 4.3 ရဲ့ ကင်မရာ App နဲ့ ဆင်တူတာတွေ့ရပါတယ်။ Focus Ring ပါရှိပြီး Long Press ဖိပြီး HDR+, Exposure Compensation , Settings , Flash စတာတွေကို အသုံးပြုလို့ရသလို အရှေ့ ၊အနောက် ကင်မရာပြောင်းနိုင်ပါတယ်။ ကင်မရာ App ရဲ့ User Interface က အသုံးပြုရတာသိပ်မကောင်းပါဘူး။ Panorama Mode နဲ့ Nexus 4 မှာ စတင်မိတ်ဆက်ခဲ့တဲ့ Photo Sphere ကို အသုံးပြုနိုင်ပါတယ်။ Photo Sphere က ၃၆၀ ဒီဂရီ ပုံတွေရိုက်ကူးနိုင်ပါတယ်။ Photo Sphere ကို အသုံးပြုနည်းကိုလည်း သင်ပြပေးမှာဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ Photo Sphere ပုံတွေကို Google Plus မှာ ကြည့်ရှုနိုင်ပါတယ်။ အချုပ်ပြောရရင်တော့ iPhone, Nokia Lumia 1020, LG G2 တို့ရဲ့ ကင်မရာ ကို နှိုင်းယှဉ်လို့မရပေမယ့် သာမာန် အသုံးပြုမှုအတွက်တော့ Nexus 5 ရဲ့ ကင်မရာဟာ ကောင်းမွန်လုံလောက်ပါတယ်။

ဘက်ထရီ
Nexus 5 မှာ 2300mAh Battery တပ်ဆင်ထားပြီး ဖြုတ်လို့မရအောင်အသေတပ်ထားပါတယ်။ သာမာန်အသုံးပြုမှုတွေကို ပြုလုပ်တဲ့အခါမှာ Nexus 5 ဟာ ခြောက်နာရီ ကနေ ၁၁ နာရီ ၀န်းကျင်လောက်သာ အသုံးခံတာတွေ့ရပါတယ်။ သာမာန်အသုံးပြုမှုဆိုတာကတော့ ဖုန်းခေါ်ဆိုမှုအနည်းငယ်၊ Messages ပေးပို့မှု အတန်အသင့် ၊ အီးမေးကြည့်ရှုမှု နဲ့ Social Networks အသုံးပြုမှုတို့ဖြစ်ပါတယ်။ Nexus 5 ရဲ့ ဘက်ထရီ ဟာ သာမာန်အသုံးပြုမှုထက်ပိုပြီး အသုံးပြုတဲ့သူတွေအတွက်တော့ ပြဿနာရှိနိုင်ပါတယ်။

အနှစ်ချုပ်
Nexus 5 ဟာ စွမ်းဆောင်ရည်မြင့် ဖုန်းတွေနဲ့ နှိုင်းယှဉ်ရင် အားနည်းချက်လေးတွေရှိပေမယ့် သူ့ရဲ့ ဈေးဟာ 16GB Version ကို ဒေါ်လာ ၃၄၉ ၊ 32GB Version ကို ဒေါ်လာ ၃၉၉ သာရှိတဲ့အတွက် ဈေးအလွန်သက်သာပါတယ်။ Nexus 5 ရဲ့ စွမ်းဆောင်ရည် ကတော့ အလွန်ကောင်းမွန်ပြီး ထိပ်တန်းစမတ်ဖုန်းတွေနဲ့ယှဉ်နိုင်ပါတယ်။ 2.3 GHz Snapdragon 800 နဲ့ Android 4.4 KitKat ကလည်း အလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်ပါတယ်။ 5 inch 1080P Display က လည်းအဆင့်မြင့်ပြီး ရုပ်ထွက်တွေကို ကြည်လင်ပြတ်သားစွာကြည့်နိုင်ပါတယ်။Android Version အသစ်ထွက်ရင်လည်း Nexus 5 က အစောဆုံး Update ရရှိမှာဖြစ်ပါတယ်။ ကင်မရာ နဲ့ ဘက်ထရီ ကတော့ ထိပ်တန်းစမတ်ဖုန်းတွေနဲ့ ယှဉ်ရင် အားနည်းပါတယ်။

2

3

4

5

6

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *