Apps

HTC Oneမှာ Android 4.2.2ကို သုံးနိုင်ပြီ

htc-one-can-android-4-2-2-use

လက်ရှိ ဈေးကွက်မှာ ဖြန့်ချိထားပြီး အသုံးပြုနေပြီလည်း ဖြစ်တဲ့ HTC Oneဖုန်းတွေ အတွက် Upgradeစနစ်တစ်ခု ဖြစ်သော Android Version 4.2.2ကို HTCက ဇွန်လ ၂ရက်နေ့က ဖြန့်ချိေ၀ငှ လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ဈေးကွက်မှာ တင်သွင်းထားတဲ့ ဖုန်းတွေ ၀ယ်ယူသူများ အနေဖြင့် နောက်ပိုင်း HTC Oneတွေမှာ Android 4.2.2ကို တစ်ပါတည်း ရရှိသုံးစွဲနိုင်မှာ ဖြစ်ကြောင်းနှင့် လက်ရှိသုံးစွဲ နေသူများကတော့ ထပ်မံ Upgradeလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

နောက်ပြီး အခု အသစ်ဖြန့်ချိလိုက်တဲ့ Version အသစ်မှာ Daydream Screensaverစနစ်ပါ၀င်တာကြောင့် Battery Lifeကို ပိုမိုရှည်ကြာအောင် သုံးစွဲနိုင်မယ်လို့ သိရပါတယ်။ ဒါပေမယ့် Upgradeလုပ်သူတချို့ဆီက မှတ်ချက်တွေ အရတော့ HTCရဲ့ Upgradအသစ်ဟာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပြောနေကြပါတယ်။ အထူးသဖြင့် အာရုံခံစနစ်နဲ့ အလုပ်လုပ်ဆောင်တဲ့ အပိုင်းတွေ ဖြစ်ကြောင်းနှင့် အဆိုပါ စနစ်တွေကိုတော့ မကြာခင်မှာ Upgradeလုပ်ပေးနိုင်အောင် ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်းနှင့် မကြာခင်မှာ ဖြန့်ချိသွားမှာ ဖြစ်ကြောင်း HTCက ပြောပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *