News

LGရဲ့ မျိုးဆက်သစ် Nexus 5မှာ Androidနောက်ဆုံးဗားရှင်း KitKatသုံးနိုင်ဖွယ်

Samsungနဲ့ အပြိုင်အဆိုင် ဖြစ်နေတဲ့ တောင်ကိုရီးယား အခြေစိုက် LGကုမ္ပဏီရဲ့ Nexus 5စမတ်ဖုန်း ဓာတ်ပုံတွေ ထွက်ရှိလာပါတယ်။ အဆိုပါ စမတ်ဖုန်းမှာ နောက်ဆုံးထွက် Android OSဗားရှင်း ဖြစ်တဲ့ Android 4.4(KitKat)ကို အသုံးပြုနိုင်ဖွယ် ရှိကာ မျက်နှာပြင်အကျယ် ၅လက်မရှိတဲ့အပြင် ထူးခြားချက်အနေနဲ့ ကြိုးမဲ့အားသွင်း စနစ်ကိုပါ ဖုန်းရဲ့ကျောဘက်ထဲမှာ ထည့်သွင်း ပါ၀င်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် အသုံးပြုသူအနေနဲ့ ဖုန်းကို အားသွင်းမယ် ဆိုရင် အရင်လိုမျိုး ကြိုးတွေ၊ Adapterတွေနဲ့ အလုပ်ရှုပ်မနေတော့ဘဲ Charging Stoneတစ်ခုပေါ် တင်ထားလိုက်တာနဲ့ အားသွင်း နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် LTE bandsတွေ ပါ၀င်လာကာ NFC, Bluetooth 4.0နဲ့ CDMA, EVDO, GSM, EDGEစတဲ့ ကွန်ရက်တွေ တော်တော်များများမှာ ချိတ်ဆက် သုံးစွဲနိုင်မှာမို့လို့ မြန်မာပြည်နဲ့ ကိုက်ညီမယ့် အဆင့်မြင့် စမတ်ဖုန်းတစ်လုံးလို့ ခန့်မှန်းမိပါတယ်။ ဖုန်းမှာ တပ်ဆင်အသုံးပြုထားတဲ့ Chipဟာ Snapdragon 800 SoCဖြစ်တယ်လို့ လည်းသိရပါတယ်။ ရရှိထားတဲ့ သတင်းတစ်ခုအရ Googleနဲ့ LGတို့ ပူးပေါင်း ထုတ်လုပ်မယ့် အဆိုပါ Nexus 5ဟာ အောက်တိုဘာလ ထဲမှာ မိတ်ဆက်ပွဲထုတ် သွားနိုင်ဖွယ် ရှိပြီး ကုမ္ပဏီအနေနဲ့တော့ ဒါတွေကို ဘာမှ အတည်ပြု ပြောကြားမှု မရှိသေးပါဘူး။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *