News

ရွှေ၊ ပလက်တီနမ်တို့ဖြင့် ဖန်တီးထားသည့် HTC One

ထိုင်၀မ်အခြေစိုက် နည်းပညာကုမ္ပဏီ HTCမှလည်း HTC Oneစမတ်ဖုန်းကို ရွှေရောင်ပုံစံဖြင့် ထုတ်လုပ်ထားသည့် ဓာတ်ပုံများ ပေါ်ထွက်လာခဲ့သည်။ အဆိုပါ ရွှေရောင်ဖုန်းမှာ အမှန်တကယ်ပင် ထွက်ရှိနေခြင်း ဖြစ်ကာ HTCမှ တရား၀င်ရောင်းချခြင်း မဟုတ်ဟုလည်း သိရသည်။ Gadgetများနှင့် စမတ်ဖုန်းများကို ရွှေရောင်ဖြင့် ဖန်တီးလျက် ရှိသည့် Gold Genieမှ ထုတ်လုပ်ခြင်းဖြစ်ပြီး ပုံပါအတိုင်း ပလက်တီနမ်ရောင်နှင့် Rose Goldကာလာ များလည်း ထုတ်လုပ်ထားကြောင်း သိရသည်။

အဆိုပါ HTC One “Gold”မှာ HTCမှ ထုတ်လုပ်သည့် စမတ်ဖုန်း အမှန်တကယ်ပင် ဖြစ်ပြီး ဖုန်းကိုယ်ထည် ကို ၂၄ကာရက်ရှိ ရွှေဖြင့် အလှဆင် ဖန်တီးလိုက်ခြင်း ဖြစ်ပါသည်။ 32GB Storageရှိ ရွှေရောင် HTC Oneစမတ်ဖုန်း တစ်လုံး၏ ဈေးနှုန်းမှာ ဒေါ်လာ ၃၀၀၀ခန့်ရှိပြီး ပလက်တီနမ် HTC Oneမှာ ဒေါ်လာ ၃၃၀၀ခန့်ရှိကာ Rose Goldကတော့ ဒေါ်လာ ၃၁၀၀ကျော် သတ်မှတ်ထားပါသည်။ ငွေကြေးတတ်နိုင်သည့် သူေဋ္ဌးများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်ကာ HTCမှ အမှန်တကယ် ထုတ်လုပ်သည့် iPhone 5Sကဲ့သို့ ရွှေရောင် HTC Oneကိုလည်း HTCပရိသတ်များ အနေဖြင့် စောင့်မျှော်နိုင်ပါသည်။ HTC One Goldသာ ထွက်ရှိလာခဲ့ပါက အထက်ဖော်ပြပါ ဈေးနှုန်းများထက် သက်သာနိုင်မည်ဟု ခန့်မှန်းရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

3 thoughts on “ရွှေ၊ ပလက်တီနမ်တို့ဖြင့် ဖန်တီးထားသည့် HTC One

  1. Sandar Myint says:

    ငါ့ htc နဲ႔ေတာ့ ကြာပ..

Leave a Reply

Your email address will not be published. Required fields are marked *