ကမ္ဘာကျော် စမတ်ဖုန်း ထုတ်လုပ်သူ Samsungလိုပဲ တောင်ကိုရီးယား အခြေစိုက် ဖြစ်တဲ့ LGမှ ထုတ်လုပ်တဲ့ Optimus G Proနဲ့ ထိုင်၀မ်အခြေစိုက် HTCမှ ထုတ်လုပ်တဲ့ HTC Oneစမတ်ဖုန်း နှစ်လုံးကိ ရွေးချယ်ကာ နှိုင်းယှဉ်သုံးသပ် လိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်း နှစ်လုံးဟာ Specificationပိုင်းမှာ များစွာမကွာခြားပေမယ့် ဈေးကွက်ထဲမှာ ဈေးနှုန်းကွာခြားနေတာကြောင့် ၀ယ်ယူ သုံးစွဲမယ့်သူတွေ သတိပြုနိုင်စေရန် ဖော်ပြရခြင်း ဖြစ်ပါတယ်။
Display
ဖုန်းရဲ့ မျက်နှာပြင်မှာ Optimus G Proက ၅.၅လက်မရှိပြီး HTC Oneကတော့ ၄.၇လက်မသာ ရှိပါတယ်။ ဒါ့အပြင် Optimus G Proမှာ သုံးထားတဲ့ Screenက True Full HD(1080×1920)ဖြစ်တဲ့အပြင် LCD Capacitive Touchscreenလည်း တပ်ဆင်ထားတာ ဖြစ်ပြီးတော့ HTC Oneမှာက Super LCD3 Capactive Touchscreenတပ်ဆင် ထားတာ ဖြစ်ပါတယ်။
Hardware & OS
ဖုန်းနှစ်မျိုးလုံးဟာ အံ့အားသင့်ဖို့ ကောင်းလောက်အောင် Hardwareစုဖွဲ့မှုပိုင်းမှာ တူညီတိုက်ဆိုင်နေတာကို တွေ့ရပါတယ်။ Qualcommမှ ထုတ်လုပ်တဲ့ Snapdragon 600 Processorကို သုံးထားပြီး Android OSအနေနဲ့လည်း 4.1.2(Jelly Bean)စီစဉ် ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ အာရုံခံကိရိယာ (Sensor)တွေပိုင်းမှာလည်း ဖုန်းနှစ်မျိုးလုံး အတူတူပဲ တပ်ဆင်ထားတာပါ။
CPU, GPU
CPU(Processor)ပိုင်းမှာ ဆိုရင်လည်း ဖုန်းနှစ်မျိုးလုံးက Quad-Core 1.7 GHz Kraitတပ်ဆင် ထားကြပြီး ဖုန်းရဲ့ရုပ်ထွက် ဂရပ်ဖစ်နဲ့ အန်နီမေးရှင်းပိုင်းအတွက် GPUကိုလည်း Adreno 320သုံးထား ကြတာ ဖြစ်ပါတယ်။
Memory
Memoryပိုင်းမှာလည်း RAM 2GBစီ ပါ၀င်ကာ ဖုန်းတွင်းမှတ်ဉာဏ်ကို 16GB/32GBအသီးသီး စီစဉ်ပေးထားပါတယ်။ ဒါပေမယ့် Optimus G Proက Memory Cardထပ်မံ တိုးချဲ့ထည့်သွင်း နိုင်ပြီး ထိုင်၀မ်အခြေစိုက် HTC Oneကတော့ Memory Cardထပ်မံ ထည့်သွင်း အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။
Camera
ကင်မရာကတော့ Optimus G Proက 13MPအရည်အသွေးနဲ့ Resolution 4208×3120 Pixelsရှိကာ HTC Oneကတော့ Ultra Pixel 4MPနဲ့ ရုပ်ထွက် 2688×1520 Pixelsမို့လို့ LGစမတ်ဖုန်းက ပိုမိုသာလွန်တယ်လို့ ဆိုနိုင်ပါတယ်။ ရှေ့ကင်မရာ (Secondary Camera)ကတော့ ဖုန်းနှစ်မျိုးလုံး 2.1MPစီ ပါပဲ။
Connectivity
ကွန်ရက်ချိတ်ဆက် သုံးစွဲနိုင်မှုမှာလည်း ဖုန်းနှစ်မျိုးလုံးဟာ GSM/WCDMAဖုန်းတွေ ဖြစ်ပါတယ်။ 2G, 3G, 4Gကွန်ရက်တွေ အားလုံးမှာ ချိတ်ဆက်နိုင်ပြီး Micro-SIM ထည့်သွင်း အသုံးပြုရမှာပါ။
Data Transfer
အချက်အလက်တွေ ကူးပြောင်းဖို့ အတွက်လည်း ဖုန်းနှစ်မျိုးလုံးမှာ GPRS, EDGE, Wi-Fi, Bluetooth, NFC, USB, microUSBစတဲ့ စနစ်တွေ ပါရှိတာချင်း အတူတူပဲ ဖြစ်ပါတယ်။
Design, Body & Battery
LG Optimus G Proကတော့ အဖြူနဲ့ အနက် အရောင် ၂မျိုးတည်း ဖြစ်ပါတယ်။ HTC Oneကတော့ အနက်၊ ငွေရောင်၊ အနီ၊ အပြာနဲ့ ရွေှရောင်တောင် ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။ Optimus G Proက မျက်နှာပြင် ပိုကျယ်တဲ့အတွက် အရွယ်အစား ပိုမိုကြီးမားပြီး ဖုန်းကြီးကြီး ကိုင်လိုသူတွေ အကြိုက်ပဲ ဖြစ်ပါတယ်။ Batteryပိုင်းမှာလည်း G Proက Stand-Byထားရင် နာရီပေါင်း ၅၅၀နာရီလောက် အသုံးခံပြီး HTC Oneကတော့ Stand-Byမှာ ၄၈၀နာရီ အသုံးခံပါတယ်။ ဒါ့အပြင် 3Gကွန်ရက်မှာ Optimus G Proက Talking Time ၂၁နာရီတောင် အသုံးပြုနိုင်ပြီး HTC Oneကတော့ ၁၈နာရီ သုံးနိုင်မှာ ဖြစ်ပါတယ်။ LGရဲ့ Optimus G Proနဲ့ HTC Oneစမတ်ဖုန်း ၂လုံးဟာ Spec:ပိုင်းမှာ များစွာမကွာခြားပေမယ့် ဈေးကွက်ထဲမှာ HTC Oneက G Proထက် ဈေးနှုန်း များနေပါတယ်။ ဒါကြောင့် ၀ယ်ယူသုံးစွဲမယ့် လူတွေအနေနဲ့ သေသေချာချာ လေ့လာကာ မှန်မှန်ကန်ကန် ရွေးချယ် ၀ယ်ယူနိုင်ကြပါစေ။