News

HTC က SIM Card နှစ်ခု အသုံးပြုနိုင်မယ့် HTC One ကို အဆင့်မြှင့် ထုတ်လုပ်ရောင်းချ

HTC က စွမ်းရည်မြင့် HTC One ဖုန်းကို SIM Card နှစ်ခု ထည့်သွင်းအသုံးပြုနိုင်အောင် အဆင့်မြှင့် ထုတ်လုပ်ပေးလိုက်ပါပြီ။ ကြိုတင်မှာယူနိုင်ပြီး စတာလင်ပေါင် ၄၉၄.၉၉ (ဒေါ်လာ ၈၀၉) ဈေးနှုန်းသတ်မှတ်ထားပါတယ်။

အသစ်ထုတ် HTC One မှာ Micro SD Card Slot ပါရှိလာမှာဖြစ်ပြီး 64GB အထိထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဖြုတ်တပ်လို့ရတဲ့ ဖုန်းရဲ့ အနောက်ဖက် ကာဗာ မှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ အဲဒီအတွက် Cards တွေကို အလွယ်တကူ ဖြုတ်တပ်လို့ရမှာ ဖြစ်ပါတယ်။

ထိုင်၀မ် ပြင်ပ နိုင်ငံများနှင့် ခရီးမကြာခဏ သွားရတဲ့ ကျောင်းသားများနဲ့ စီးပွားရေးသမားများကို အဓိက ထား ရည်ရွယ်ပြီး SIM Card နှစ်ခုပါတဲ့ HTC One ကို အဆင့်မြှင့်ထုတ်လုပ်ရောင်းချတာဖြစ်တယ်လို့ HTC က ပြောကြားပါတယ်။ Micro SD Card Slot ပါ ရှိလာတာ ကလည်း Android Phone မှာ Apps အများအပြား အသုံးပြုသူတွေအတွက်တော့ စွဲဆောင်မှု တစ်ခုဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

HTC-ProductDetail-Overview-Container-DualSim-01

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *