News

Android 4.4 KitKat အသုံးပြုထားတဲ့ Google ရဲ့ Nexus 5 ကို တရား၀င် ရောင်းပြီ

Google နဲ့  LG တို့ပူးပေါင်းထုတ်လုပ်ထားတဲ့ Nexus 5 ကို ဒီနေ့၀ယ်ယူနိုင်ပြီဖြစ်ကြောင်း Google ကပြောကြားပါတယ်။ 16GB ကို $349 , 32GB ကို  $399  ဈေးသတ်မှတ်ထားပါတယ်။ Android 4.4 KitKat ပထမဆုံးအသုံးပြုတဲ့ ဖုန်းလည်းဖြစ်ပါတယ်။

US, Australia, France, Germany, Spain , Italy , Japan , Korea နိုင်ငံကလူတွေကတော့ ဒီနေ့ မှစတင်ပြီး Google Play Store ကနေမှာယူနိုင်ပြီဖြစ်ပါတယ်။ India နဲ့  တစ်ခြားနိုင်ငံတွေကို လည်း မကြာမီရောင်းချပေးတော့မှာပါ။ Sprint , T-Mobile , Amazon , Best Buy , RadioShack စတဲ့ Carrier Exclusive Version တွေလည်း မကြာမီရောင်းချပေးမှာပါ။

Nexus 5 မှာ 4.96 လက်မ Display ပါရှိပြီး 1920×1080 resolution ပါရှိပါတယ်။ တစ်လက်မကို 445pixel ပါရှိပြီး 2.3GHz quad-core Qualcomm Snapdragon 800 processor အသုံးပြုထားပါတယ်။ 2GB RAM ပါရှိပါမယ်။

မျက်နှာချင်းဆိုင် မှာ 1.3MP Camera တပ်ဆင်ထားပြီး အနောက် ဘက်မှာတော့ 8MP Camera တပ်ဆင်ထားပါတယ်။ ဆန်းသစ်တဲ့ Lens ကိုအသုံးပြုထားပြီး ညအချိန်မှာ ရိုက်ရင်တောင် ကြည်လင်ပြတ်သားတဲ့ ပုံတွေရမယ်လို့  Google က ပြောပါတယ်။

အနောက် ကင်မရာ မှာ Optical Image Stabilization (OIS) နည်းပညာပါရှိပြီး လှုပ်ရှားနေတဲ့ပုံရိပ်တွေကို ကြည်လင် ထင်ရှားစွာ ရိုက်ကူးနိုင်ပါတယ်။ HDR+ Mode ကိုအသုံးပြုရင် ဓါတ်ပုံတွေကို ဆက်တိုက်ရိုက်ကူးပေးမှာဖြစ်ပြီး အဲဒီ ပုံတွေကို ပေါင်းစပ်ပြီး အကောင်းဆုံးပုံတစ်ခုကိုပြုလုပ်ပေးနိုင်ပါတယ်။

ထုတ်လုပ်ပြီးသမျှ Nexus ဖုန်းတွေထဲမှာတော့ အပါးလွှာဆုံးနဲ့  အမြန်ဆုံး ဖုန်း ဖြစ်တယ်လို့ Google ကပြောပါတယ်။ 4G LTE အသုံးပြုနိုင်ပါတယ်။ ကျန်တာတွေကတော့ Volume Buttons, Micro USB , , 3.5 Stereo Audio Jack , Dual Microphone တို့ပါရှိပါမယ်။

Nexus 5 ဟာ အခု ထုတ်လုပ်ခဲ့ပြီးတဲ့ Android Device တွေထဲမှာတော့ အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။ နောက်ဆုံးပေါ် Android Version ကိုအသုံးပြုထားပြီး မကြာခင် မှာ တစ်ကမ္ဘာလုံး  အတိုင်းအတာနဲ့၀ယ်ယူနိုင်တော့မှာဖြစ်ပါတယ်။

 

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *