News

ဒီဇင်ဘာတွင် 4G မိုဘိုင်းကွန်ရက်စတင်နိုင်ရန် ပြင်ဆင်နေသည့် Digicel မှမြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ် လုပ်ကိုင်ခွင့်ရ

၂၀၁၃ ဒီဇင်ဘာတွင် 4G မိုဘိုင်းကွန်ရက်စတင်နိုင်ရန်ပြင်ဆင်သည့် Digicel မှမြန်မာနိုင်ငံတွင်ရုံး ခန်းဖွင့်လှစ် ခွင့်ရရှိခဲ့ကြောင်း ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ရုံးခန်းဖွင့်လှစ်ခွင့်လျှောက်ထားရာ၌ Digicel Myanmar Consultancy Services Ltd အမည်ဖြင့်၀န်ဆောင်မှု လုပ်ငန်းများလုပ်ကိုင်ခွင့် ပြုပေး ခဲ့ခြင်းဖြစ်ပြီး နို၀င်ဘာ ၁၁ ရက်ကပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Digicel အနေဖြင့်မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး၀န်ဆောင်မှုလုပ်ငန်းများ၀င်ရောက်လုပ်ကိုင်ရန် စီစဉ်လျက်ရှိပြီးDigicel နှင့်YSH Finance Limited (First Myanmar Investment ကုမ္ပဏီနှင့် Yoma Strategic Holdings Limited)တို့မှ အကျိုးတူပူးပေါင်းထားပြီးမိုဘိုင်းဆက်သွယ်ရေး လိုင်စင်ရရှိပါက မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၆ဒဿမ ၆ဘီလျံ ကျော်ကို တိုက်ရိုက်မြုပ်နှံမှုပြုလုပ်ရန်  စီစဉ်ထားကြောင်းသိရသည်။

Digical Group မှတာ၀န်ရှိသူများနို၀င်ဘာ ၁၃ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်၍ နေပြည်တော်ရှိရင်းနှီးမြုပ်နှံ မှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးအောင်နိုင်ဦးနှင့်လာရောက်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ Telecommunication ကဏ္ဍတွင်ရင်နှီးမြုပ်နှံရန်လိုအပ်သည့် အချက်များ၊ ဥပဒေများကို လာရောက်မေး မြန်းခဲ့သည် ဟုဆိုသည် ။

Digicel Group Limited ကို ၂၀၀၁ခုနှစ် ဧပြီ ၁၉ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အာရှပစိဖိတ်နှင့် အမေရိကန် အလယ်ပိုင်းဒေသတို့တွင် Telecommunication လုပ်ငန်းများကို  ကျယ်ပြန့်စွာလုပ်ကိုင်နေပြီး ကမ္ဘာ အနှံ့တွင် ရင်နှီးမြုပ်နှံလုပ်ကိုင်လျက်ရှိကြောင်းသိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “ဒီဇင်ဘာတွင် 4G မိုဘိုင်းကွန်ရက်စတင်နိုင်ရန် ပြင်ဆင်နေသည့် Digicel မှမြန်မာနိုင်ငံတွင် ရုံးခန်းဖွင့်လှစ် လုပ်ကိုင်ခွင့်ရ

  1. Myo Tun Kyaw says:

    ဘယ္လိုသံုးရမွာလဲ Card ထက္ဝယ္ရမွာလား

Leave a Reply

Your email address will not be published. Required fields are marked *