Apps

Google Drive (သို့) Google ၏ လက်နက်သစ်

လုပ်ဆောင်ခဲ့တာ ကြာပြီလို့ ဆိုနိုင်ပြီး ယခင်ကာလာများတည်းက ကောလာဟာလသဖွယ် သတင်းများ ပေါ် ထွက်ခဲ့တဲ့ Google Drive ဟာ အခုတော့ အမှန်တစ်ကယ် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ တစ်ကယ်တော့ Google အနေနဲ့ သူ့ရဲ့ Cloud Storage ဝန်ဆောင်မှု တစ်ခု ဖြစ်တဲ့ ဒီ Google Drive ကို ဖန်တီးခဲ့ရတာ၊ ကြံဆခဲ့ရတာ ကြာမြင့်ခဲ့တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ စိတ်မရှည်နိုင်စရာ Google Drive မှာ ဘာတွေပါလဲ ဆိုတာကို လေ့လာဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ ပြောရရင်တော့ ဒီ Google Drive ဟာ မိမိတို့ရဲ့ Dropbox account ကိုပဲ ဖျက်ပြစ်ရလောက်အောင်ပဲ ကောင်းမလား (သို့) account ဖွင့်တာနဲ့ တန်အောင် ဝန်ဆောင်မှုတွေ ကောင်းမလား ကြည့်ကြရအောင်။

Features
တစ်ကယ်တော့ Cloud Storage ကို လူအများမှ Dropbox၊ SkyDrive နဲ့ iCloud အစရှိတာတွေနဲ့ ရင်နှီးခဲ့ပြီး ဖြစ်ပါတယ်။ ထို third-party application တွေကလည်း ပြောရရင် လစ်ဟင်းချက်တွေ မရှိရအောင် ဖြည့်စွမ်းထားပြီးဖြစ်ပြီး PC မှာသာမက Tablet နဲ့ mobile တွေမှာပါ ရရှိအောင် စွမ်းဆောင်ထားနိုင်ကြပါတယ်။ အဲဒီအတွက် Google ကလည်း ရှိနှင့်ပြီးသား Cloud Storage တွေရဲ့ ဝန်ဆောင်မှုတွေနဲ့ မတူရလေအောင် ကြိုးပမ်းတဲ့အနေနဲ့ Google Drive အတွင်း Google Docs နဲ့ ချိတ်ဆက် အသုံးပြုနိုင်အောင် စီမံလိုက်ပါတော့တယ်။

အမှန်အားဖြင့် Google ဟာ ဒီကိစ္စကို ကြံရွယ်ခဲ့တာ ကြမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ နေ့စဉ်နှင့်အမျှ အသုံးပြုနေရမယ့် Google Docs လိုဟာမျိုးကို Sharing နှင့် အခြား Developing feature တွေကို ထည့်သွင်းပေးထားပါတယ်။ ဒါပေမယ့်လည်း သတိထားရမယ့် အချက်ကတော့ Google ရဲ့ အကျင့်ပါ။ ၄င်းတို့ဟာ စစလုပ်ချင်း feature တွေကို အသုံးပြုများလာတာနဲ့ နောက်ပိုင်း တစ်ဖြည်းဖြည်း ပြောင်းလဲသွားခြင်းပဲ ဖြစ်ပြီး အသုံးပြုရ လုံးဝ မတူညီတော့တာပါပဲ။

Storage အနေနဲ့ကတော့ Google Drive အတွင်း 5GB အထိ သှီမှီးပမာဏကို အခမဲ့ပေးထားပြီး 25 GB ယူမယ်ဆိုရင်တော့ တစ်လကို ၂.၄၉ ဒေါ်လာ ပေးရမည် ဖြစ်ပြီး 100 GB ကို တစ်လ ၅ ဒေါ်လာနှင့် Terabyte ပမာဏကို ယူမယ်ဆိုရင်တော့ ၁ လလျှင် ဒေါ်လာ ၅၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ထူးထူးခြားခြားကတော့ အဆိုပါ Storage ပမာဏတွေကို မိမိရဲ့ Gmail Storage ပမာဏနဲ့လည်း ချိတ်ဆက် အသုံးပြုသွားနိုင်ခြင်းပါပဲ။

ထို့ပြင် Goolge Drive ရဲ့ ချီးကျူးစရာအချက်တစ်ခု ကတော့ Store လုပ်မယ့် file type တွေကို ကန့်သတ်ထားခြင်း မရှိတာပါပဲ။ အဲဒီအတွက် သင့်အနေနဲ့ .mov file မှ ရိုးရိုး docs ကို သိမ်းဆည်းသွားနိုင်ပြီး apk များကိုပင် ထားရှိသွားနိုင်ကြောင်း သိရပါတယ်။ ထို့ပြင် အဆိုပါ file များကို လွယ်ကူစွာ Download ရယူသွားနိုင်ပြီး ဒီလိုမျိုး file များကို Storage ပြုလုပ်ခြင်းတွင် တစ်ခုတည်းသော ကန့်သတ်ထားချက်မှာ Storage လုပ်သော file များဟာ 10 GB မကျော်ရဘူး ဆိုတာပါပဲ။

Google Drive ရဲ့ Feature ကတော့ လောလောဆယ် အချိန်မှာ ဒီလောက်ပဲ ရှိပါသေးတယ်။ အခုအချိန်မှာ Google ဟာ သူ့ရဲ့ နောက်ဆုံးထုတ် ဝန်ဆောင်မှုကို ရိုးရိုးရှင်းရှင်းသာ ပြုလုပ်ရန် ဆန္ဒရှိနေပုံပေါ်ပြီး အသုံးပြုရ မြန်ဆန်ရေးနှင့် file အတင်အချ transfer အပြုအလုပ် ချောမွေ့ရေးကိုသာ အဓိကပြုလုပ်ထားပါတယ်။

SDK
Google ဟာ ဒီလိုမျိုး ဝန်ဆောင်မှု အသစ်ကို စတင်လိုက်ချိန်မှာ ၄င်းရဲ့ Developer များကို ချန်မထားခဲ့ပါဘူး။ လက်ရှိ အချိန်မှာ Chrome Web Store အတွင်းရှိ application ပေါင်း ၁၈ ခုဟာ Google Drive Integration ကို ပြုလုပ်ပေးထားပြီး အဆိုပါ SDK တွေကိုလည်း လူအများမှ ၄င်းတို့၏ website များအတွင်း အလွယ်ပေါင်းစပ် အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် Google Drive Integration ပါဝင်တဲ့ application အချို့ရဲ့ features ကို ကြည့်ရအောင်။ ပထမဆုံး ရရှိတာကတော့ MindMeiser ဖြစ်ပါတယ်။ ၄င်းဟာ brain mapping application တစ်ခုဖြစ်ပြီး ယခုအချိန်တွင်တော့ Google Drive ရှိ map များကို လိုအပ်သလို Share ပြုလုပ်နိုင်၊ Edit နှင့် View လည်း ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

နောက်ထပ် ရရှိတာကတော့ Hello Fax ဖြစ်ပါတယ်။ ၄င်းဟာ မိမိရဲ့ docs များကို fax ပို့နိုင်သော application တစ်ခုဖြစ်ပြီး ထူးခြားတာကတော့ Drive အတွင်း Fax အဝင်၊ အထွက်များအားလုံးကို သိမ်းဆည်းထားနိုင်ဖို့ Folder တစ်ခုပင် ဆောက်ထားလို့ ရနိုင်တာပါပဲ။ LuLu ရဲ့ Web Application ကတော့ ၄င်းတို့ရဲ့ docs တွေကို Drive အတွင်း သိမ်းဆည်းသွားနိုင်ပါတယ်။ Aviary photo editor ကတော့ မိမိရဲ့ ဓါတ်ပုံတွေ၊ image တွေကို Drive အတွင်း edit ပြုလုပ်သွားနိုင်မှာဖြစ်ပြီး version အသစ်ဖြင့်လည်း ပြန်လည် save ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့အနေနဲ့ အပေါ်ယံသာ သိရှိရသေးခြင်းပဲ ဖြစ်ပါတယ်။ နောက်ထပ် Google အနေနဲ့ ဘယ်လိုမျိုး Web Application တွေကို Drive Integration ပြုလုပ်မယ်ဆိုတာ ကိုတော့ စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။

Browser Interface
သင့်အနေနဲ့ Google Docs ကို အသုံးပြုဖူးတယ်ဆိုရင်တော့ Google Drive ရဲ့ Interface နဲ့ စိမ်းနေမှာ မဟုတ်ပါဘူး။ ပြောရရင် Drive ရဲ့ သွင်ပြင်ဟာ Google ရဲ့ uniform ပုံစံလိုဖြစ်နေတဲ့ Browser Interface ပုံစံအတိုင်းပဲဖြစ်ပြီး Gmail နှင့်ပင် အလားသဏ္႑န် တူညီတယ်လို့တောင် ပြောလို့ရနိုင်ပါတယ်။ Drive ရဲ့ Interface အတွင်း ထူးထူးခြားခြား ပါဝင်လာတာကတော့ Search များ ပါဝင်ခြင်း၊ Filter များ ပါဝင်ခြင်း နှင့် file type အလိုက် function များ ပါဝင်ခြင်းတို့ပဲ ဖြစ်ပါတယ်။ သို့အတွက် မိမိအနေနဲ့ upload တင်ထားတဲ့ file များအလိုက် tab များနှင့် feature များကို စမ်းသပ် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် Drive အတွင်း ပြုလုပ်ထားတဲ့ အချက်ကတော့ Sharing ဖြစ်ပါတယ်။ Sharing ဆိုတဲ့ အတွက် Google ရဲ့ Google + အတွင်း Post တင်တဲ့ အချိန်မှာ ဓါတ်ပုံကို Attach ပြုလုပ်ချင်ပါက Drive အတွင်းမှ မိမိ upload တင်ထားပြီးသား ပုံများကို ဆွဲယူနိုင်ပြီး နောက်ပိုင်းတွင်လည်း Google + အတွင်း Drive Integration များ ထပ်မံ ပေါင်းထည့် ပေးသွားရန် ပြုလုပ်လျှက်ရှိကြောင်း ကုမ္ပဏီမှ ကြော်ငြာထားပါတယ်။

Desktop Apps
Google ဟာ Google Drive ကို PC နှင့် Mac များပေါ်တွင် ပါအသုံးပြုလို့ ရရှိနိုင်ရန် application ဖန်တီးပေးထားပါတယ်။ အဆိုပါ application ဟာ အခြား online storage များဖြစ်သော Dropbox တို့နှင့် အသုံးပြုရခြင်း တူညီမှာ ဖြစ်ပြီး Install ပြုလုပ်ရာမှာလည်း လွယ်ကူ လျှင်မြန်မှာ ဖြစ်ပါတယ်။ သင့်အနေနဲ့ Install ပြုလုပ်ပြီးပြီ ဆိုပါက Google Drive Icon တစ်ခုကို မိမိရဲ့ Desktop ပေါ်တွင် မြင်တွေ့သွားနိုင်မှာဖြစ်ပြီး အဆိုပါ Folder ဟာ သင့်ကို Google Drive နဲ့ ချိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။ Google ရဲ့ ကောင်းမွန်တဲ့အချက်ကတော့ အဆိုပါ Folder အတွင်း မိမိ သိမ်းဆည်းထားချင်တဲ့ file များ (မည်သည့် file type ကို မဆို) ကို drag and drop ပုံစံ ပြစ်ထည့် သွားနိုင်ပြီး ဒီအချက်ကလည်း file များကို Online Storage တစ်ခုအပေါ်သိမ်းဆည်းဖို့အတွက် အချိန်ကြာမြင့်စွာ upload ပြုလုပ်ခြင်း ရန်ကို ကင်းဝေးစေတာ အမှန်ပဲ ဖြစ်ပါတယ်။

Android App
Google ဟာ Drive ကို Desktop application အနေနဲ့သာမကပဲ Android ပေါ်မှာလည်း နယ်ချဲ့ခဲ့ပါတယ်။ သင့်အနေနဲ့ ကိုယ့်ရဲ့ သီချင်းဖိုင်တွေကို mobile device ပေါ်မှာ သိမ်းထားတာဟာ မဆန်းပေမယ့် Online Storage ပေါ်မှာ ရှိတဲ့ သီချင်းပဲ ဖြစ်ဖြစ်၊ ဗီဒီယိုကိုပဲ ဖြစ်ဖြစ် အချိန်မရွေး၊ နေရာမရွေး ကြည့်ရှုနား ထောင်ချင်တယ်ဆိုရင်တော့ Google Drive ကို အားကိုးရမှာပါပဲ။
အကြောင်းကတော့ Google ရဲ့ file compression နည်းပညာကြောင့် ဖြစ်ပြီး ၄င်းဟာ 350 MB ရှိတဲ့ .mov ဖိုင်တစ်ခုကို 7 MB လောက်ထိ Drive ပေါ်တွင် အလိုအလျောက်ချုံ့ကာ သိမ်းဆည်း ထားနိုင်ပြီး Streaming လုပ်ကာ ပြန်လည်ခံစားချင်ပါကလည်း အလွန် လျှင်မြန်စေရန် ဖန်တီးထားကြောင်း သိရပါတယ်။ နောက်ဆုံး သတင်းများအရ ဆိုရင်တော့ Android app လို့ Google က ဆိုထားပေမယ့်လည်း Apple အတွက်ကိုလည်း ၄င်းတို့မှ စဉ်းစားပေးထားပြီး iOS အတွက် များမကြာမီကာလများမှာ app တစ်ခု ဖန်တီးပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးပိတ် သတင်းများ
Google ကတော့ ဒီဝန်ဆောင်မှုဟာ ပြောင်းလဲမှုရဲ့ အစ ပထမသာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ၄င်းတို့ရဲ့ ဝန်ဆောင်မှု အားလုံးနဲ့ ချိတ်ဆက်ကာ အသုံးပြုသွားနိုင်ဖို့ စီစဉ်ထားကြောင့် ၄င်းတို့ရဲ့ Blog မှတဆင့် ကြော်ငြာထားပါတယ်။ အခုအချိန်မှာ နာမည်ကျော် နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Microsoft နဲ့ Apple တို့ကလည်း ၄င်းတို့ ကိုယ်ပိုင် Cloud ဝန်ဆောင်မှုများနဲ့ အသီးသီး ရပ်တည်နေနိုင်ကြပြီး Google အနေနဲ့ကလည်း ဒီလိုမျိုး Cloud ကမ်ဘာကြီးကို ဝင်ရောက် တိုက်ခိုက်ဖို့ဆိုတာဟာ သူမတူတဲ့ နည်းပညာများနဲ့ ဝန်ဆောင်မှုများ ပေါင်းစပ် ထားမှသာလျှင် ဖြစ်နိုင်ပြီး ယခု Google Drive ဟာ မည်သို့ပင် ဆိုစေကာမူ လေးစားလောက်ဖွယ် အခြေအနေတစ်ရပ် ကိုတော့ ပိုင်ဆိုင်ထားကြောင်း ဖော်ပြလိုက်ရပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *