News

ဆက်သွယ်ရေး ဥပဒေကြမ်း နေပြည်တော်သို့ ကိုယ်တိုင် လာရောက် ဆွေးနွေးနိုင်

အမျိုးသားလွှတ်တော်က ပြင်ဆင်အတည်ပြုထားသော ဆက်သွယ်ရေး ဥပဒေကြမ်းကို အကြံပြုဆွေးနွေးလိုပါက မည်သူမဆို ဇူလိုင်လ ၁၂ရက်နေ့မှ ၁၅ရက်နေ့အတွင်း နေပြည်တော် လွှတ်တော်၀င်းအတွင်းရှိ ဥပဒေကြမ်း ကော်မတီရေးရာအဆောင် အမှတ် (အိုင်-၂)သို့ နေ့လည် ၁နာရီမှ ညနေ ၆နာရီတွင်း ကိုယ်တိုင် လာရောက် ဆွေးနွေးနိုင်ကြောင်း
ပြည်သူ့လွှတ်တော်ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ၀န်ကြီးဌာနက ၂၀၁၂ခုနှစ်၊ နို၀င်ဘာလအတွင်းက ထုတ်ပြန်ခဲ့သော ဆက်သွယ်ရေးဥပဒေကြမ်း သည် နိုင်ငံတကာ စံညွှန်းများနှင့် မကိုက်ညီကြောင်း ပညာရှင်များက ေ၀ဖန် ထောက်ပြသဖြင့် သက်ဆိုင်ရာနည်းပညာရှင်များ ၀န်ကြီးဌာနနှင့် လွှတ်တော်မှ တာ၀န်ရှိသူများ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့ MICT၌ ဥပဒေကြမ်းအတွက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကျင်းပပြီး၊ အကြံဉာဏ်များ ရယူခဲ့ခြင်းဖြစ်သည်။

အိုင်တီပညာရှင်နှင့် ဆက်သွယ်ရေး ဥပဒေဆိုင်ရာ လေ့လာသူများက ေ၀ဖန်ခဲ့သည့် ဆက်သွယ်ရေးဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဇူလိုင် ၂ရက်နေ့က အတည်ပြုထားခြင်းဖြစ်သည်။ အချောဘတ် ပြင်ဆင်ရေးဆွဲပြီးသည်ကို ကျယ်ကျယ်ပြန့်ပြန့် ပါ၀င်နိုင်စေရန် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ၀င် ဦးသာစိန်က ပြောကြားပြီး အချိန်တော့နည်းတယ် ထင်တယ်ဟု ဆိုပါသည်။

ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးလိုသူများသည် ဖုန်းနံပါတ် – ၀၆၇-၅၉၁-၃၅၈သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *