News

Google ဆရာကြီးရဲ့ ဓာတ်ခွဲခန်းထုတ် Burger

Google ရဲ့ Co-Founder ဖြစ်သူ Sergey Brin ကတော့ အစီအစဉ်တစ်ခု ကြံစည်နေပြန်ပါပြီ။ အမဲသား မပါဘဲနဲ့ ဟမ်ဘာဂါ လုပ်နည်းပါတဲ့။ ကြည့်ကြရအောင်ဗျာ…

“ဓာတ်ခွဲခန်းထုတ်ဟမ်ဘာဂါ” သုတေသနပြုချက်မှာ Google Co-Founder Sergey Brin က ငွေကြေးစိုက်ထုတ်ပြီး ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။ အဆိုပါ ဘာဂါကို တနင်္လာနေ့က လန်ဒန်မြို့မှာ လက်တွေ့ပြုလုပ်ပြီး စားသောက်ပြတယ်လို့လည်း သိရပါတယ်။ အရသာပိုင်းမှာတော့ လိုအပ်ချက်တွေရှိနေပေမယ့် စိတ်ကူးစိတ်သန်းကတော့ အတော်လေးကောင်းမွန်ပါတယ်။

Maastricht တက္ကသိုလ်မှ ဟမ်ဘာဂါတွေ ပြုလုပ်ဖန်တီးသူ ပရော်ဖက်ဆာ Mark Postကတော့ အဆိုပါ Cultured Beefလို့ ခေါ်ကြတဲ့ အမဲသားမျိုးကို ဖန်တီးစားသုံးခြင်းဖြင့် အနာဂါတ်မှာ ကြုံလာနိုင်တဲ့ အစားအသောက်ရှားပါးမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ဖြေရှင်းကူညီပေးနိုင်မယ်လို့ ယုံကြည်လျက် ရှိပါတယ်။

ဒါ့အပြင် အသားထုတ်လုပ်ဖို့ မွေးမြူထားတဲ့တိရစ္ဆာန်တွေ ဘယ်လိုဆက်ဆံခံရလဲ ဆိုတဲ့အချက်ကို လူ့ကျင့်၀တ်ဆိုင်ရာ ကိစ္စတစ်ခုအဖြစ် စဉ်းစားစိုးရိမ်ကြတယ်လို့ ဆိုပါတယ်။

“ဒီလို အသားတွေ ထုတ်လုပ်ဖို့ နွားတွေဟာ ဘယ်လိုဆက်ဆံခံရလဲ ဆိုတာကို သင်မြင်ရင် သိပ်ပြီးတော့ စိတ်သက်သာမှာ မဟုတ်ဘူး” လို့လည်း Google Co-Founder Sergey Brin က ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း အဆိုပါ အင်တာပရနာ ဘီလျံနာကြီးက ဒီProject အတွက် ယူရိုနှစ်သိန်းခွဲ (ဒေါ်လာ ၃၃၁,၂၀၀)ကို ထည့်၀င်ခဲ့တာပဲ ဖြစ်ပါတယ်။

“တစ်ချို့လူတွေကတော့ ဒါကို စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်း တစ်ခုလို တွေးထင်နေကြပါတယ်။ ဒါလည်း ကောင်းပါတယ်။ ကျွန်တော်တို့ လုပ်နေတဲ့ အရာတွေကို လူတွေက စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းလို့ မယူဆရင် အဲဒီ အလုပ်က ပြောင်းလဲမှု ကြီးကြီးမားမားတွေ ဖြစ်မှာ မဟုတ်ဘူး”လို့ အဆိုပါ ပုဂ္ဂိုလ်က ပြောခဲ့ပါသေးတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *