News

အိုဘားမားလည်း တစ်နှစ်အိုလာပြီ

အမေရိကန်သမ္မတ အိုဘားမား၏ သြဂုတ်လ ၄ရက်နေ့က ကျရောက်ခဲ့သည့် အသက် ၅၂နှစ်ပြည့် မွေးနေ့တွင် မေရီလန်းပြည်နယ် Camp Davidရှိ သမ္မတစံအိမ်တွင် နေထိုင်ခဲ့ကြောင်း သိရသည်။ သမ္မတအိုဘားမား၏ မွေးနေ့ အခမ်းအနား ကျင်းပခဲ့ပုံနှင့် ပတ်သက်၍ အိမ်ဖြူတော်က အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပေ။

အိုဘားမားသည် ဟာဝိုင်အီနှင့် ချီကာဂိုတို့တွင် နေထိုင်ခဲ့စဉ်က မိတ်ဆွေများနှင့်အတူ သြဂုတ် ၃ရက်နေ့က ဂေါက်ရိုက် ကစားခဲ့ပြီး ၎င်းတို့အနက်မှ အချို့က Camp Davidတွင် ပြုလုပ်ခဲ့သည့် မွေးနေ့ပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

ဇနီးဖြစ်သူ မီရှဲအိုဘားမားက သူမ၏ Twitterတွင် ခင်ပွန်းသည်အတွက် မွေးနေ့ ဆုတောင်းပေးပို့ခဲ့ရာ၌ “ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ဖြစ်ပါစေ ဘားရက်၊ ရှင့်ရဲ့ ဆံပင်တွေ ပိုဖြူလာပေမယ့် ရှင့်ကို ကျွန်မ အရင်ကထက် ပိုချစ်ပါတယ်”ဟု ရေးသားခဲ့သည်။ ထိုသို့ မွေးနေ့ ဆုတောင်းနှင့်အတူ ၎င်းတို့ ဇနီးမောင်နှံ နှစ်ဦး အိမ်ထောင်စတင်ကျသည့် ကာလက ဆိုဖာတစ်ခုပေါ်တွင် အနားယူနေသည့် ရက်စွဲမပါသော အဖြူအမည်း ဓာတ်ပုံကိုလည်း ဖော်ပြခဲ့သည်ဟု ဆိုသည်။

ဒီအတိုင်းဆိုရင် အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံက အယ်ဒီတာ အိုဘအေးထက် ၁၀နှစ်တောင် ငယ်သေးတာပဲ။ ဒီတစ်ခါ အိုဘအေးမွေးနေ့ကျရင်လည်း မီရှဲလ်အိုဘအေး (မဒမ် ဘအေး)ကို Twitterပေါ်ကနေ အဲဒီလို မွေးနေ့ ဆုတောင်းလေး ပို့ခိုင်းရဦးမယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *