News

Google က အမေရိကန်ဒေါ်လာ သန်း၃၀ဖြင့် Wavii အား ဝယ်ယူဟုဆို

wavii

သတင်းများကို အကျဉ်းချုံး ဖော်ပြပေးနိုင်သော App တစ်ခုကို ဖန်တီးခဲ့သည့် Seattle အခြေစိုက် Wavii ကုမ္ပဏီငယ်ကို Googleက အမေရိကန် ဒေါ်လာ သန်း၃၀ဖြင့် ဝယ်ယူခဲ့ကြောင်း အဆိုပါ ကိစ္စနှင့် နီးစပ်သူများ၏ အဆိုအရ သိရှိရသည်။ Wavii ကုမ္ပဏီ၏ သဘာဝ ဘာသာစကား နည်းပညာကို Siriတွင် ထည့်သွင်း အသုံးပြုရန် Apple ကုမ္ပဏီကလည်း စိတ်ပါဝင်စားခဲ့ပြီး သဘောတူညီချက် အောင်မြင်ခဲ့ခြင်း မရှိသောကြောင့် Googleက ဝယ်ယူနိုင်လိုက်ခြင်း ဖြစ်သည်။ သို့သော် Googleနှင့် Waviiတို့ကမူ အဆိုပါ သတင်းကို ငြင်းဆိုထားသည်။

Google၏ ဝယ်ယူမှုသည် Wavii၏ပြိုင်ဘက် Summlyကို Yahooက အမေရိကန် ဒေါ်လာသန်း ၃၀ဖြင့် ဝယ်ယူခဲ့ပြီး နောက်ရက် အနည်းငယ် အကြာတွင် သတင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ Summly Appသည် သတင်းနှင့် ဆောင်းပါးရှည်ကြီးများကို ဖတ်ရှုရ လွယ်ကူသည့် စာပိုဒ်များ အဖြစ် ပြောင်းလဲ ဖြတ်တောက်ပေးခြင်းဖြစ်ပြီး Wavii၏ Appတွင်မူ ရှည်လျား ရှုပ်ထွေးသည့် သတင်းများ ဝတ္ထုများကို စာလုံး အနည်းငယ်သာ ပါဝင်သည့် အကြောင်းများအဖြစ် ပြောင်းလဲပေးနိုင်သည့် နည်းပညာကို အသုံးပြုထားကြောင်း ကုမ္ပဏီတည်ထောင်သူ Adrian Aounက ပြောကြားခဲ့့ပါသည်။ Waviiတွင် Paypal တွဲဖက်တည်ထောင်သူ Max Levchin၊ ယခင် Facebook အမှုဆောင်တစ်ဦးဖြစ်သူ Dave Morin နှင့် Microsoft ကုမ္ပဏီ၏ ယခင်စေ့စပ် ညှိနှိုင်းရေးမှူး Fritz Lanmanတို့ကလည်း ရင်းနှီးမြှုပ်နှံထားကြကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *