News

နယူးယောက်မြို့ အယ်လ်ဘာနီ တက္ကသိုလ်တွင် စာဖြေလွှာ ဈေးကွက်ခေတ်စားနေ

newyork-university

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ အယ်လ်ဘာနီတက္ကသိုလ် စာသင်ခန်း တစ်ခုအတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၆၅၀အနက် ၁၀၀ခန့်မှာ အိမ်စာ အဖြစ်ပေးလိုက်သော စာဖြေလွှာများကို ကိုယ်တိုင်ဖြေဆို ဖြည့်သွင်းစရာ မလိုဘဲ ဖြည့်ပေးမည့်သူကို ပိုက်ဆံပေး၍ ခိုင်းနိုင်သော စာဖြေလွှာ ဈေးကွက် တစ်ခု ခေတ်စားလျက် ရှိနေသည်ကို စုံစမ်း စစ်ဆေးနေရကြောင်း အဆိုပါ တက္ကသိုလ်မှ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခဲ့ကြောင်း သိရသည်။

စာဖြေလွှာများ ရောင်းဝယ်ဖောက်ကားမှုကို ကန့်သတ် တားမြစ်ထားသော်လည်း အဆိုပါ တက္ကသိုလ်တွင် ယင်းသို့ လုပ်ဆောင်နေသည်မှာ ၅နှစ်တာ ကာလခန့် ရှိနေပြီဖြစ်ကြောင်း၊ အချို့ကျောင်းသား၊ ကျောင်းသူများသည် အတန်း၏ သင်ကြားမှုဆိုင်ရာ ဝက်ဘ်ဆိုက်အား လျို့ဝှက်နံပါတ်အတုဖြင့် ကျော်ဖြတ်ကာ စာလွှာဖြေဆိုမှုများကို လုပ်ဆောင်ပေးနေကြခြင်းဖြစ်ကြောင်းဤသို့ဖြင့် စာဖြေလွှာ ဈေးကွက်ကြီးမှာ လွတ်လပ်စွာ တရားမဝင် ပေါ်ထွန်းနေခြင်းဖြစ်ကြောင်း၊ အယ်လ်ဘာနီ တက္ကသိုလ်၏ စီးပွားရေး ပညာဆိုင်ရာ ကွန်ပျူတာပညာရှင် ပါမောက္ခလီတာရော့စ်က ပြောကြားခြင်း ဖြစ်သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *