News

New York Times မှ Google Glass Application အား ထုတ်လုပ်

google-glass

New York Timesမှနေ၍ Google Glass Application ထုတ်လုပ်မှုအား လွန်ခဲ့သည့် တစ်ပတ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းများအရ အဆိုပါ Google Glass Applicationမှာ Google Glass ပိုင်ဆိုင်သူများအတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်ပြီး
၎င်းမှာ Glass ပိုင်ဆိုင်သူများအတွက် ပြင်ပကုမ္ပဏီမှ ပထမဆုံး ထုတ်လုပ်သော Application တစ်ခုလည်း ဖြစ်သည်။ အဆိုပါ Applicationတွင် အသစ်ထွက်ရှိသော နိုင်ငံတကာ သတင်းများ၊ အချိန်နှင့် တပြေးညီ ပြောင်းလဲနေသော သတင်းများကို ဖတ်ရှုသွားနိုင်မည်ဖြစ်ပြီး ဖတ်ရှုလိုသော စာများကိုလည်း ရှာဖွေ ဖတ်ရှုသွားနိုင်ကြောင်း သိရသည်။

Googleနှင့် New York Times တို့မှာ ယခု Application ထုတ်လုပ်မှုနှင့် ပတ်သက်၍ သုံးသပ်မှုများ မရှိသေးကြောင်း CNET သတင်း ဌာနနှင့် ဖော်ပြထားသော်လည်း Google Glass Applicationအား Google Playတွင် Download ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ Applicationမှာ အခမဲ့ ဖြစ်ပြီး နိုင်ငံတကာမှ သတင်းများအပြင် New York Timesမှ သတင်းများကိုလည်း ဖတ်ရှုနိုင်ပြီး အဆင့်မြင့် စမတ်ဖုန်းများ အားလုံးတွင် အသုံးပြုနိုင်ပြီ ဖြစ်သည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *