News

လက်ရှိ iPhone 5ထက် မြန်ဆန်တဲ့ Processor

Appleရဲ့ မကြာခင်ထွက်ရှိတော့မယ့် iPhoneအသစ်နဲ့ ပတ်သက်ပြီး သတင်းတွေကတော့ ထပ်မံထွက်ရှိ လာပြန်ပါပြီ။ ဒီတစ်ခါမှာတော့ အဆိုပါ ဖုန်းအသစ်ရဲ့ Processorနဲ့ ပတ်သက်ပြီး သတင်းထွက်လာတာ ဖြစ်ပါတယ်။ ရုပ်သံအစီအစဉ် တင်ဆက်သူ တစ်ဦးဖြစ်တဲ့ Clayton Morrisကတော့ သူ့ရဲ့Twitter စာမျက်နှာမှာ iPhoneအသစ်ရဲ့ A7 Chip Processorဟာ လက်ရှိ iPhoneတွေမှာ သုံးနေတဲ့ A6ထက် ၃၁%ပိုမို မြန်ဆန်တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ 9to5Macဆိုတဲ့ ၀က်ဘ်ဆိုဒ်က Appleဟာ ၎င်းတို့ရဲ့ 64-bit A7 Processorကို နမူနာ iPhone 5S(အိုင်ဖုန်းအသစ်) တစ်ချို့မှာ စမ်းသပ်သုံးစွဲနေတယ်လို့ သတင်းထုတ်ပြန် ခဲ့ပါတယ်။ 64-bit Processorတစ်ခုဟာ စမတ်ဖုန်းတစ်လုံးကို ရုပ်ထွက်ပိုင်းဆိုင်ရာနဲ့ စွမ်းဆောင်ရည်တွေပိုမို ကောင်းမွန်အောင် လုပ်ပေးနိုင်စွမ်း ရှိပါတယ်။ ဒီသတင်းတွေအရ 64-bitချစ်ပ် တွေကိုစမ်းသပ်နေဆဲသာ ဖြစ်ပြီး ဒီနှစ်အတွင်း သေချာပေါက် ထွက်လာမယ်လို့ ဆိုလိုတာမဟုတ်ဘူး လို့လည်း သိရပါတယ်။ ဒါ့အပြင် Twitterပေါ်က ဆွေးနွေးချက်တွေ ကလည်း 64-bit A7 Processorတွေ မထွက်ရှိလာရင်တောင်မှ 64-bit A8 Processorကတော့ ၂၀၁၄ခုနှစ်လောက်မှာ ရောက်ရှိလာလိမ့်မယ်လို့ ထင်ကြေးပေးလျက် ရှိပါတယ်။

Appleအနေနဲ့ လက်ရှိ iPhone 5ထက် ပိုမိုမြန်ဆန် ကောင်းမွန်တဲ့ စမတ်ဖုန်းအသစ်ကို တကယ်ပဲထုတ်လုပ်သွား နိုင်မယ်ဆိုရင်တော့ လက်ရှိ စမတ်ဖုန်းလောကရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ LG, Samsung, HTCတို့ကို အသာအယာ ယှဉ်ပြိုင်နိုင်မှာပဲ ဖြစ်ပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်ကြီးကရော မကြာခင် ထွက်ရှိလာမယ့် iPhoneအသစ်မှာ ဘယ်လို ထူးခြားကောင်းမွန်မှုတွေကို မြင်တွေ့ခံစားလိုပါသလဲ?

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *