Featured, How-to, Mobile, Review

သင် iPhoneကနေ Android ပြောင်းကိုင်ဖို့ စဉ်းစားနေသလား?

သင် iPhoneကနေ Android ပြောင်းကိုင်ဖို့ စဉ်းစားနေသလား?

သင် iPhoneကနေ Android ပြောင်းကိုင်ဖို့ စဉ်းစားနေသလား? အခုဆောင်းပါးမှာ iPhoneက Contacts, Photos, Videoနဲ့ အခြားဒေတာတွေကို  Galaxy S5 ဆီသို့ ကူးပြောင်းနိုင်တဲ့ နည်းကို ဖော်ပြပေးလိုက်ပါတယ်။

Samsungက Appleရဲ့ iCloud Backups မှာ သိမ်းထားတဲ့ ဒေတာတွေကို Galaxy S5 အပါအ၀င် အခြား Galaxy Device များဆီသို့ အလွယ်တကူ ကူးပြောင်းနိုင်အောင် Samsung Smart Switch Mobile Appကို Google Play Storeမှတစ်ဆင့် Install လုပ်နိုင်အောင် စီစဉ်ပေးလိုက်ပါပြီ။

Ashampoo_Snap_001_

Install လုပ်ပြီးရင် Appကို ဖွင့်ပါ။ iCloudကို Optionsများထဲမှ ရွေးချယ်ပေးပါ။ Apple Accountရဲ့  Username နှင့်Password ထည့်သွင်းပေးပါ။ ပြီးရင် iCloudမှာ Backup လုပ်ထားတာတွေကို မြင်တွေ့နိုင်မှာ ဖြစ်ပြီး၊ Photos, Contacts, Calendar, Memos, Call Logs, Alarms, Bookmarks, WiFi Settings စတာတွေကို အကုန်လုံး ဖြစ်စေ၊ နှစ်သက်ရာကိုပဲ ဖြစ်ပါစေ ကူးပြောင်းနိုင်ပါတယ်။

သီချင်းနဲ့ ဗီဒီယိုတွေကိုတော့ Appက မကူးပြောင်းပေးနိုင်ဘဲ iTunesကနေ ကူးပြောင်းရမှာ ဖြစ်ပါတယ်။ iTunes မှာ သိမ်းထားတဲ့ ဒေတာတွေကို Galaxy S5 ဆီသို့ ကူးပြောင်းဖို့အတွက် Samsungက Desktop Tool ဆိုတဲ့ ဆော့ဖ်ဝဲလ် တစ်ခုကိုလည်း ရေးသားပေးထားပါသေးတယ်။

Ashampoo_Snap_002_

အင်တာနက်ကွန်နက်ရှင် အမြန်နှုန်းနဲ့ Backup ရဲ့ အရွယ်အစားအပေါ် မူတည်ပြီး အချိန်ကြာမြင့်တတ်ပါတယ်။ ကူးပြောင်းမှုပြီးရင် Appက အချက်ပေးမှာ ဖြစ်ပြီး ကူးပြောင်းထားတဲ့ ဒေတာတွေကို ပြသပေးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ App ကို Delete လုပ်နိုင်ပါပြီ။

ဒီတော့ သင် iPhoneကနေ Android ပြောင်းကိုင်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ သင်ရဲ့ တန်ဖိုးရှိတဲ့ iPhoneထဲက အချက်အလက်တွေ ပျောက်ဆုံးသွားမှာကို စိတ်ပူစရာ မလိုတော့ကြောင်း မျှဝေလိုက်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *