Apps, Review

iPhone အတွက် အကောင်းဆုံး Calendar App များ

Apple ရဲ့ Calendar App ထက်ကောင်းတဲ့ Calendar Apps တွေ iTunes App Store မှာ များစွာ ရှိပါတယ်။ ရွေးချယ်စရာများစွာ ထဲမှာ Sunrise က စွမ်းဆောင်ချက်များစွာပါရှိပြီး Calendar ၀န်ဆောင်မှုများစွာ ကို အထောက်အပံ့ပေးတဲ့အတွက် အကောင်းဆုံး လို့ သုံးသပ်မိပါတယ်။ သူ့ရဲ့ Interface ကလည်း အသုံးပြုရအဆင်ပြေပါတယ်။

Sunrise Calendar
Platform : iPhone
Price : Free
Download Page

Features

• Google Calendar, iCloud, Exchange တို့နဲ့ တွဲဖက် အသုံးပြုနိုင်ခြင်း။
• iPhone ရော iPad မှာပါအသုံးပြုနိုင်ခြင်း။
• အချိန်နဲ့ တစ်ပြေးညီ နောက်ကွယ်မှာ Sync ပြုလုပ်နိုင်ခြင်း။
• Event တစ်ခုကို စာရိုက်ပြီးလျှင်မြန်စွာ ပြုလုပ်နိုင်ခြင်း၊ (ဥပမာ ။ “Lunch tomorrow at 1pm”)
• Reminder ကိုလည်း Event လို မှတ်သားနိုင်ခြင်း။
• Facebook Events နဲ့ Birthday များ ကို အသုံးပြုနိုင်ခြင်း။
• တည်နေရာပေါ်မူတည်ပြီး ရာသီဥတုအခြေအနေများ ကို ပြသနိုင်ခြင်း။
• တည်နေရာအတွက် Google Map ကို အသုံးပြုနိုင်ခြင်း။
• Google Calendar များစွာ ကို ချိတ်ဆက်နိုင်ခြင်း။
• ကြေညာများမပါရှိဘဲ အခမဲ့ အသုံးပြုနိုင်ခြင်း။

အားသာချက်

Sunrise ဟာ လှပပြီး အသုံးပြုရလွယ်ကူပါတယ်။ Calendar မှာ မှတ်သားထားတာတွေကို ရှင်းလင်းတဲ့ ပုံစံ နဲ့ ပြသပေးနိုင်ပါတယ်။ ဒါ့အပြင် ရာသီဥတု အခြေအနေများ ကိုပါပြသပေးနိုင်ပါတယ်။ ကြည့်ချင်တဲ့နေ့ကို လည်း ကြည့်နိုင်ပါတယ်။ လအလိုက် ကြည့်ချင်တဲ့ နေ့ရက်တွေကို ရှာဖွေနိုင်ပါတယ်။ သာမာန် Calendar View ကို နှစ်သက်ရင် အသုံးပြုနိုင်ပါတယ်။ အချိန်အတိအကျ သတ်မှတ်ပြီး မှတ်သားထားနိုင်ပါတယ်။ စွမ်းဆောင်ချက်များစွာ ပါရှိတဲ့အပြင် Google Calendar, iCloud, Exchange စတဲ့ Calendar ၀န်ဆောင်မှုများ နဲ့ တွဲဖက် အလုပ်လုပ်နိုင်ပါတယ်။

အားနည်းချက်

Sunrise ဟာ အဖက်ဖက် ကကောင်းမွန်ပြီး အားနည်းချက် မရှိသလောက်ရှားပါးပါတယ်။ ဒါပေမယ့် Sunrise မှာမပါတဲ့ စွမ်းဆောင်ချက်တွေ ပါရှိတဲ့ အခြား Calendar App တွေရှိပါတယ်။ Sunrise ရဲ့ ပြိုင်ဖက်တွေကို အောက်မှာ လေ့လာကြည့်ရအောင်။

ပြိုင်ဖက်များ

Canary (Free) က အဓိက ပြိုင်ဖက် ဖြစ်ပါတယ်။ Interface က လှပမှု သိပ်မရှိပေမယ့် ရှင်းလင်းပါတယ်။ တစ်နေ့တာ အတွက် အချိန်ဇယားတွေ နဲ့ အားလပ်ချိန် ကို ကြည့်နိုင်ပါတယ်။ Event တွေကို သတ်မှတ်ဖို့ နဲ့ ကြည့်ရှုဖို့ သာမာန် Calendar View ကို ပြောင်းနိုင်ပါတယ်။ Facebook Events နဲ့ Birthday တွေကို ကြည့်နိုင်ပြီး Schedule ပြုလုပ်နိုင်ပါတယ်။ Google Calendar ထက်ပိုပြီး အထောက်အပံ့ပေးနိုင်ပြီး Navigate လုပ်ရတာလွယ်ကူမယ်ဆိုရင် အကောင်းဆုံး Calendar App ဖြစ်လာမှာပါ။

Cal by Any.Do (Free) ဟာ Sunrise နဲ့ ဆင်တူပါတယ်။ ဒါပေမယ့် Sunrise က Support ပေးတဲ့ ၀န်ဆောင်မှုတွေက ပိုများပါတယ်။ Cal ရဲ့ ထူးခြားချက်က Any.Do ရဲ့ ၀န်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပြီး ဒေတာအမျိုးအစားများစွာ ကို Sync လုပ်နိုင်ပါတယ်။ Any.Do App နဲ့ ချိတ်ဆက်ပြီး Reminder တွေ မှတ်သားနိုင်ပါတယ်။ To-Do List App ဖြစ်တဲ့ Any.Do ကို အသုံးပြုသူတွေအတွက် Cal ကို ရွေးချယ်နိုင်ပါတယ်။

Fantastical 2 ($5) ဟာ ကောင်းမွန်ပြီး အသုံးပြုရတာလွယ်ကူပါတယ်။ Sunrise ကို ယှဉ်နိုင်လောက်တဲ့ စွမ်းဆောင်ချက်တွေပါရှိပေမယ့် ငါးဒေါ်လာပေးပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။

Week Cal ($2) က ကောင်းမွန်ပြီး စွမ်းဆောင်ချက်များစွာ ပါရှိပါတယ်။ အခြားပြိုင်ဖက်တွေလိုပဲ Event, Task တွေကို ကြည့်နိုင်တဲ့ View များစွာပါရှိပါတယ်။ ကောင်းမွန်တဲ့အချက်က စွမ်းဆောင်ချက်များစွာပါရှိပြီး ဘယ် View ကမဆို သတင်းအချက်အားလုံး ကို ကြည့်နိုင်တာဖြစ်ပါတယ်။ Year View ကနေ Event တွေရှိတဲ့ နေ့ရက်တွေကို အလွယ်တကူ ခလုတ်တစ်ချက်နှိပ်ပြီး ရှာဖွေနိုင်ပါတယ်။ Event တွေကို နေရာပြောင်းရတာလည်း Home Screen မှာ App တွေကို နေရာပြောင်းရသလို လွယ်ကူပါတယ်။ Drag and Drop လုပ်ပြီး ပြောင်းနိုင်ပါတယ်။ iCal , Google Calendar တို့နဲ့ ချိတ်ဆက်နိုင်ပါတယ်။ စွမ်းဆောင်ချက်များပြားပြီး ရိုးရှင်းပါတယ်။

Calvetica or Fast Calendar and Tasks ($3) နဲ့ Agenda Calendar ($1) ဟာ ရိုးရှင်းတာ ကို သဘောကျသူတွေအတွက် သင့်တော်ပါတယ်။ သူတို့နှစ်ခုစလုံးမှာ ရိုးရှင်းတဲ့ Interface ရှိကြပါတယ်။ Events အားလုံးကို အလွယ်တကူ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် အပေါ်မှာ ဖော်ပြထားတဲ့ App တွေလောက်စွမ်းဆောင်ချက်များ မပါရှိကြပါဘူး။ Built-In ပါတဲ့ Calendar App ရဲ့ စွမ်းဆောင်ချက်လောက်သာ ပါရှိပေမယ့် ပုံပန်းသွင်ပြင် က ပိုမိုရိုးရှင်းပါတယ်။ View တွေလည်း ပိုမိုပါရှိပြီး စွမ်းဆောင်ချက် အနည်းငယ် ပိုပါတယ်။

နောက်ဆုံး တစ်ခုက တော့ UNIQLO Calendar (Free) ဖြစ်ပြီး အသုံးပြုရတာ ရိုးရှင်းပါတယ်။ အခမဲ့အသုံးပြုနိုင်ပြီး Google Calendar နဲ့ Sync ပြုလုပ်နိုင်ပါတယ်။ စွဲဆောင်မှု ရှိပြီး ပျော်ရွှင်စရာကောင်းပါတယ်။ စွမ်းဆောင်ချက် အနည်းငယ်သာပါရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *