News

Touch Screenမသုံးချင်တော့ရင် Motorolaရဲ့ Droid 5ရှိတယ်

ဒီနေ့ခေတ်မှာတော့ Physical Keyboards(QWERTY)ခလုတ်နဲ့ ဖုန်းတွေနေရာမှာ Touch Screenစမတ်ဖုန်းတွေ အစားထိုးနေရာယူ လာကြပြီ ဖြစ်တဲ့အတွက် Physicalခလုတ်နဲ့ ဖုန်းတွေဟာ သိပ်ပြီးတော့ လူကြိုက်မများတော့ပါဘူး။ ဒါ့အပြင် အသုံးပြုသူ အများစုကလည်း စမတ်ဖုန်းတွေပေါ်က Virtual Keyboardတွေကို ပိုမိုရင်းနှီးကျွမ်း၀င် နှစ်ခြိုက်နေကြပေမယ့် အဆိုပါ Touchတွေဟာ တကယ့် Hardwareခလုတ် ကောင်းကောင်းတွေနဲ့ယှဉ်ရင်တော့ မာကျောမှုပိုင်းမှာ ကွာခြားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Moto Xနဲ့ နာမည်ကြီးနေတဲ့ စမတ်ဖုန်းကုမ္ပဏီ Motorolaအနေနဲ့ ၎င်းတို့ရဲ့ အသစ်ထွက်ရှိ လာမယ့် စမတ်ဖုန်းဟာ Keyboardနဲ့ အသုံးပြုရတာကို နှစ်ခြိုက်သူတွေအတွက် ဖန်တီးပေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Weiboမှာ တင်ထားတဲ့ပုံတွေ အရတော့ Motorolaဟာ ကီးဘုတ်ကို ဘေးတိုက်ဆွဲထုတ် နိုင်ပြီး Touchအနေနဲ့လည်း သုံးလို့ရတဲ့ စမတ်ဖုန်းတစ်လုံး စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါဖုန်းကို Droid 5လို့ အမည်ပေးထားပြီး ရှေ့ကထွက်ရှိ ခဲ့တဲ့ Droid 4လိုပဲ လိုင်း ၅လိုင်းပါတဲ့ QWERTYကီးဘုတ်နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မျက်နှာပြင်အကျယ် ၄.၃လက်မကနေ ၄.၅လက်မအထိ ရှိနိုင်ပြီး ကြိုးမဲ့အားသွင်းစနစ်ပါ ထောက်ပံ့ပေးထားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် NFC(Near Field Communication), စိုစွတ်မှု၊ ဖုန်နဲ့ ရေ၀င်ရောက်မှု တွေကိုကာကွယ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်တွေ ပါ၀င်ရုံသာမက Motorolaရဲ့ ရှေ့ကထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေထက် ပိုမိုပါးလွှာမယ်လို့ လည်းသိရပါတယ်။

ဒါပေမယ့် သတင်းထွက်ရှိခဲ့တဲ့ ဓာတ်ပုံအရဆိုရင် အဆိုပါစမတ်ဖုန်းဟာ Out Of Dateဖြစ်နေတဲ့ အန်းဒရွိုက်ဗားရှင်း 4.0.3အသုံးပြု ထားတာကြောင့် ဒီစမတ်ဖုန်းထွက်ဖို့ အစီအစဉ်ဟာ ဘယ်လောက်ကြာပြီလဲ ဆိုတာတော့ ပြောရခက်ပါတယ်။ Touch Screenတွေချည်းပဲ သုံးနေကြတဲ့ ခေတ်ကြီးမှာ Motorolaအနေနဲ့ စွမ်းဆောင်ရည် မြင့်မြင့် QWERTYခလုတ်နဲ့ ထွက်ရှိလာခဲ့ရင်တော့ မြန်မာပြည်မှာ အသုံး၀င်မယ့် စမတ်ဖုန်း တစ်လုံးဖြစ်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *