Gadgets, Review

iPhoneကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ Charger+Case

iPhoneကို ကြိုးမဲ့အားသွင်းပေးနိုင်တဲ့ Charger+Case

iPhoneကို အားသွင်းပေးနိုင်တဲ့ Chargerများစွာ ရှိပေမယ့် ကြိုးနဲ့ ချိတ်ဆက်ရတာတွေ၊ သယ်ယူရခက်ခဲတာတွေ စတဲ့ ပြဿနာများရှိပါတယ်။ အခုအခါမှာတော့ Rubixက AUGMENTလို့ အမည်ပေးထားတဲ့ Chargerနဲ့ Caseတွဲလျက်အသုံးပြုရတဲ့ Gadgetကို တီထွင်ပေးလိုက်ပါတယ်။ Caseကို iPhoneမှာ တပ်ဆင်ပြီးရင် ကြိုးများချိတ်ဆက်စရာမလိုဘဲ Chargerနဲ့ ဖုန်းကိုတိုက်ရိုက် ချိတ်ဆက်ပြီး အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

လူထုထောက်ပံ့ငွေဖြင့် AUGMENTကို ထုတ်လုပ်ရောင်းချဖို့ Kickstarter၀က်ဆိုက်မှာ ရန်ပုံငွေ ဒေါ်လာ ၁၇၀၀၀ ကောက်ခံနေပါတယ်။ ရန်ပုံငွေ ပြည့်မီဖို့ အနည်းငယ်သာလိုပါတော့တယ်။ ရန်ပုံငွေ ထည့်၀င်ထားသူများက AUGMENTကို ရောင်းချချိန်မှာ သက်သာတဲ့ဈေးဖြစ်တဲ့ ဒေါ်လာ ၄၅ နဲ့ ရရှိမှာ ဖြစ်ပါတယ်။ Chargerနဲ့ Caseကို သီးခြား၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။ ရန်ပုံငွေ ထည့်၀င်ထားသူများကို သြဂုတ်လမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

AUGMENTဟာ အလေးချိန် ၃၈ ဂရမ်သာရှိပြီး 1200mAh Batteryပါရှိပါတယ်။ ဘက်ထရီက iPhoneရဲ့ ဘက်ထရီ ခြောက်ဆယ် ရာခိုင်နှုန်း ကို အားဖြည့်ပေးနိုင်ပါတယ်။ Caseဟာ ကိုင်တွယ်ရ သက်တောင့်သက်သာရှိပြီး အလွယ်တကူ ဖြုတ် ၊ တပ်နိုင်ပါတယ်။ AUGMENTနဲ့ iPhoneတို့ကို တစ်ပြိုင်နက် အားသွင်းနိုင်ပါတယ်။

AUGMENTကို ဟောင်ကောင်မှာ နေထိုင်တဲ့ သြစတျေးလျ ဒီဇိုင်နာ Will Mattersက တီထွင်တာဖြစ်ပါတယ်။ AUGMENTဟာ အခြား Caseများထက် စတိုင်ကျလှပတဲ့အပြင် လေးထောင်ပုံစံကလည်း ဖုန်းနဲ့ ချိတ်ဆက်ထားတဲ့အခါမှာ တစ်သားတည်းဖြစ်နေတဲ့အတွက် ကိုယ်တွယ်ရ အဆင်ပြေစေပါတယ်။

“Googleက တီထွင်နေတဲ့ ဖုန်းအစိတ်အပိုင်းများကို ဖြုတ်တပ်လဲလှယ်နိုင်တဲ့ Project Araရဲ့ သဘောတရားအပေါ် အခြေခံပြီး AUGMENTကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်သက်တဲ့ အစိတ်အပိုင်းများကို ဖုန်းမှာ လွယ်ကူစွာ တပ်ဆင်နိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ AUGMENTဟာလည်း ဒီသဘောတရား အတိုင်းပါပဲ။ ဖုန်းမှာ AUGMENTကို အချိန်မရွေး၊ နေရာမရွေး လွယ်ကူစွာ ဖြုတ်၊ တပ်နိုင်မှာ ဖြစ်ပါတယ်။ “လို့ Mattersက ပြောပါတယ်။

အသုံးပြုသူများအတွက် လွယ်ကူအောင်ပြုလုပ်ပေးချင်တဲ့အတွက် အလွယ်တကူ ဖြုတ် ၊ တပ်နိုင်တဲ့ လီဂိုတုံးလေးများလို ပြုလုပ်ပေးထားပါတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။ AUGMENTရဲ့ ဖြုတ်၊ တပ်နိုင်တဲ့ ဒီဇိုင်းလိုပဲ အနာဂတ်မှာ Rubixဟာ အခြား iPhone Accessoriesများကို ထုတ်လုပ်မယ်လို့ မျှော်လင့်ရပါတယ်။

AUGMENTဟာ Appleရဲ့ Made for iPhone (MFi) အသိအမှတ်ပြုထောက်ခံချက်ကိုလည်း ရရှိပြီး ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ထောက်ခံချက်ကို Kickstarter ၀က်ဆိုက်မှာ ရန်ပုံငွေပြည့်မီပြီးချိန်မှာ ရရှိမယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *