Apps

Mozilla Firefox 24.0 Beta 5

ပြီးခဲ့တဲ့ အပတ်က Mozilla Firefox 23.0.1ဗားရှင်းကို တင်ဆက်ပေးပြီးတဲ့နောက် အခု မြန်မာအိုင်စီတီ ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ Mozilla Firefox 24.0 Beta 5ကို တင်ဆက်ပေးလိုက် ပါတယ်။ ဖိုင်အရွယ်အစား 21.7MBရှိပြီးတော့ ဒီနေရာမှာ အခမဲ့ဒေါင်းလုဒ် ရယူနိုင်ပါတယ်။ Windows, Mac, Linux 32-bit, Linux 64-bitစတဲ့ OSတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီဗားရှင်းအသစ်မှာတော့ OS X 10.7နဲ့အထက် တွေအတွက် Retina Displayထောက်ပံ့ ပေးထားပြီး WebRTCအတွက် Supportလုပ်ထားတာတွေပါ ပါ၀င်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် HTMLစနစ်အသစ်နဲ့ ရုပ်ပုံတွေရဲ့ အရည်အသွေးကို ပိုမိုကောင်းမွန်စေတဲ့ စနစ်တွေ၊ Tabတွေ ကူးပြောင်းတဲ့အခါမှာ ပိုမိုသာလွန်တဲ့ Performanceတွေနဲ့ Developerတွေ အတွက်လည်း များစွာ ထောက်ပံ့ပေးထားပါတယ်။ HTML5 Languageလည်း ထောက်ပ့ံထားပြီး HTTPS(https://)တွေကို သွားတဲ့အခါမှာလည်း လွယ်ကူသွားအောင် ဖန်တီးပေးထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဒီနေ့ခေတ်မှာ လူသုံးအများဆုံး Browserတစ်ခု ဖြစ်တဲ့ Mozilla Firefoxဗားရှင်း အသစ်ကို ဒေါင်းလုဒ်ရယူပြီး သင့်ကွန်ပျူတာထဲမှာ Up To Dateဖြစ်နေအောင် ထည့်သွင်း အသုံးပြုလိုက်ပါတော့။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *