ဒီနေ့ခေတ်မှာ အီးမေး ကို အလုပ်ကိစ္စများမှာ အသုံးပြုလာကြပြီး အီးမေးပေးပို့ ရယူမှု တွေကို နေ့စဉ် ပြုလုပ်နေကြရပါတယ်။ အရေးကြီး အီးမေးတွေကို ပေးပို့တဲ့အခါမှာ သင်ပို့လိုက်တဲ့ အီးမေး ကို တစ်ဖက်လူ က ဖတ်ပြီးပြီလားဆိုတာ သိဖို့ လိုအပ်လာပါတယ်။ MailTracker ဆိုတဲ့ iPhone App က သင်ပို့လိုက်တဲ့ အီးမေး ကို တစ်ဖက်လူ က ဖတ်ပြီး ၊ မပြီး အခြေအနေကို ဖော်ပြပေးနိုင်သလို ဘယ်အချိန် ၊ ဘယ်နေရာမှာ ဖတ်တယ်ဆိုတာ ကို ပြသပေးနိုင်ပါတယ်။
MailTracker က iPhone ရဲ့ Mail App နဲ့ တွဲဖက် အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် သီးခြား အသုံးပြုစရာမလိုပါဘူး။ iPhone ရဲ့ Mail App မှာပဲ သတင်းအချက်အလက်တွေကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။ တစ်ဖက်လူက အီးမေး ကို ဖတ်ပြီးရင် MailTracker က အချက်ပြပေးနိုင်ပါတယ်။ MailTracker ကို အီးမေး အကောင့်နှစ်ခုအတွက် အခမဲ့ အသုံးပြုနိုင်ပါတယ်။ အီးမေး အကောင့်နှစ်ခုထက်ပိုရင်တော့ တစ်လကို ငါးဒေါ်လာ ကုန်ကျမှာ ဖြစ်ပါတယ်။