News

Eric Schmidt မြန်မာပြည်ကို လာပြီ

eric-schmidt-google

နာမည်ကျော် Googleရဲ့ ဥက္ကဋ္ဌဖြစ်သူ Eric Schmidtဟာ သူ့ရဲ့ အာရှခရီးစဉ်မှာ မြောက်ကိုရီးယားကို ဦးတည်သွားရောက်ခဲ့ပြီး မကြာမီမှာတော့ မြန်မာနိုင်ငံကို ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ Wall Street ဂျာနယ်ရဲ့ ဖော်ပြချက်အရ Eric Schmidtဟာ မတ်လ ၂၂ရက်နေ့မှာ မြန်မာပြည်ကို ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပြီး ဒီလိုလာရောက်မှုဟာ ပထမဦးဆုံးအကြိမ် USမှ စူပါနည်းပညာကို ကုမ္ပဏီကြီးတစ်ခုရဲ့ ထိပ်တန်း အလုပ်အမှုဆောင် အရာရှိတစ်ဦး လာရောက်ခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ Eric Schmidt မြန်မာနိုင်ငံသို့ လာရောက်ခြင်းနဲ့ ပတ်သက်ပြီး Googleရဲ့ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးဖြစ်သူ Taj Meadowsက Eric Schmidtဟာ ဒေသတွင်း စီးပွားဖက်တွေနဲ့ တွေ့ဆုံဖို့ အာရှနိုင်ငံ အများအပြားကို အလည်အပတ် သွားရောက်မှာ ဖြစ်ပြီး သူဟာ အာရှဒေသတွင်းက Online သုံးစွဲနိုင်ခြင်း မရှိသေးတဲ့ လူသန်းပေါင်းများစွာရဲ့ လူနေမှု ဘဝကို မြှင့်တင်ဖို့ လုပ်ဆောင်နေပါတယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

Taj Meadowsမှ Eric Schmidtသွားရောက်မည့်နေရာတွေကို အတိအကျ ပြောကြားခဲ့ခြင်း မရှိခဲ့ပေမယ့့် Mr.Schmidtဟာ ပြည်တွင်းမှ စက်မှုလုပ်ငန်းရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် တွေ့ဆုံ ဟောပြောဖို့ စီစဉ်ထားတဲ့အကြောင်း ရန်ကုန်မြို့ရဲ့ စက်မှုလုပ်ငန်း ကျွမ်းကျင်သူများက ပြောခဲ့တယ်လို့ Wall Street ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ သတင်းနှင့် နည်းပညာကဏ္႑ဟာ ဆက်သွယ်ရေး စနစ်တွေ ပိုမို ကောင်းမွန်လာဖို့ အစီအစဉ်တွေ ချမှတ်ပြီး ဒေါ်လာသန်းနှင့်ချီ ရင်းနှီးမြှုပ်နှံရန် ဖြစ်နိုင်ခြေရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အပြင် မကြာသေးမီ ကာလအတွင်းမှာပင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူတို့အတွက် လုပ်ကိုင်ခွင့်နှစ်ခု ခွင့်ပြုခဲ့တဲ့အတွက် မြန်မာနိုင်ငံ၏ Internetနှင့် Mobileကွန်ယက်တို့ကို မြှင့်တင်နိုင်ရန် မျှော်လင့်ကြောင်း Wall Street ဂျာနယ်မှ ပြောကြားခဲ့ပါတယ်။

Related Posts

3 thoughts on “Eric Schmidt မြန်မာပြည်ကို လာပြီ

  1. FengHninsi says:

    ဟော်ပြောပွဲကိုဘယ်အချိန်ဘယ်မှာလုပ်မှာလဲ.ဘယ်သူတွေတက်ရောက်ခွင့်ရှိလဲ

    1. myanmarict says:

      FengHninsi မည်သူမဆို တက်ရောက်နိုင်တယ်လို့ သိရပါတယ်။ လိုင်တက်ကသိုလ်ထဲက MICT အစည်းအဝေးခန်းမမှာ ၂၂ ရက်နေ့ ၉း၀၀ မှာ ကျင်းပမည်လို့ ဆိုပါတယ်။

      1. FengHninsi says:

        myanmarict FengHninsi အရမ်းကို efficiency ရှိတာပဲ။ ခုပဲမေးသေးတယ်။ခုချက်ချင်းပြန်ဖြေပေးတယ်။ကောင်းလိုက်တာ။မေးတုန်းကတစ်ယောက်မှကော်မန်းလုပ်ထားတာမတွေ့လို့ဖြေပေးမဲ့လူများရှိပါ့မလားလို့။အရမ်းကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *