News

ပုပ်ရဟန်းမင်းကြီးအသစ် Pope Francis ၏ အမည်ဖြင့် Domain Registration ပြုလုပ်မှုပေါင်းများစွာရှိခဲ့

Pope-Francis

ပုပ်ရဟန်းမင်းကြီး အသစ် Pope Francis၏ အမည်ကြေညာပြီးနောက် နာရီ အနည်းငယ် အတွင်းမှာပင် သူ၏အမည် (သို့) ဆင်တူ ဆက်စပ်နေသော အမည်များဖြင့် Domain Registrationပြုလုပ်မှုပေါင်း (၆၀၀)ကျော်ရှိခဲ့ကြောင်း Domain Registration Site တစ်ခုဖြစ်သည့် GoDaddy မှ CNETသို့ ပြောကြား ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး နန်းတော် ပုပ်ရဟန်းမင်းကြီး အသစ်၏ အမည်ကို ကြေညာပြီး (၁၀)မိနစ်အတွင်းမှာပင် သူ၏အမည်နှင့် ဆင်တူသော အမည်များဖြင့် Domain Registrationပြုလုပ်မှု (၁၀၀)ကျော်ရှိခဲ့ပြီးနောက် (၁)နာရီ အကြာတွင် Registrationပြုလုပ်မှု (၄၇၉)ခု ရှိခဲ့ရာ လက်ရှိအချိန်ထိ (၆၇၄)ခုရှိသွားပြီဖြစ်ကြောင်း သိရပါတယ်။

အသစ်ပြုလုပ်ခဲ့တဲ့ Domain Nameတွေမှာ Pope, Bergoglio, Habemus Papumစတဲ့စကားလုံးတွေလည်း ပါ၀င်ပြီး၊ လက်တင်ဘာသာစကားနဲ့ “We have a Pope”လို့ အဓိပ္ပါယ်ရတဲ့ Domain Nameတွေလည်း ပါ၀င်တယ်လို့ သိရပါတယ်။ GoDaddy ရဲ့ Customerတွေထဲက အမျှော်အမြင်ရှိသူ တစ်ဦး ကတော့ www.PopeFrancis.comဆိုတဲ့ Domain Nameကို ၂၀၁၀ခုနှစ်၊ ဧပြီလ ကတည်းက လက်ဦးမှု ရယူပြီး၊ Registerလုပ်ပြီးသွားပါပြီလို့။ GoDaddyမှ ပြောကြားခဲ့ပါတယ်။ ဘုန်းတော်ကြီး Jorge Mario Bergoglio အနေနဲ့ ပုပ်ရဟန်း မင်းကြီးအဖြစ် ရွေးချယ်ခံခဲ့ရပြီး၊ Pope Francisဟု အမည် ခံပြီးနောက် အချိန် အနည်းငယ်အတွင်းမှာ သူ့အမည်နဲ့ Domain Name Registration ပြုလုပ်မှုတွေ များစွာ ရှိခဲ့သလိုမျိုး အရင် ပုပ်ရဟန်းမင်းကြီး လက်ထက်ကလည်း ရှိခဲ့ပြီး၊ ထို Domain Nameများကို ပြန်လည် ရောင်းချခဲ့ခြင်းများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ BBCသတင်းဌာနနဲ့ အဆိုအရ၂၀၀၅ခုနှစ်တုန်းက www.PopeBenedictXVI.com ဆိုတဲ့ Domain Nameကို USD 5000နဲ့ ရောင်းချ ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *