News

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချူပ် မှ MCF Education Project Competition ပြိုင်ပွဲ ပြုလုပ်မည်

MCF-Education-Project-Competition

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ကျင်းပပြုလုပ်သော National ICT Award 2012အတွက် Education Project Competition ပြိုင်ပွဲကို မတ်လ ၃၀ရက်နေ့ နံနက် ၈နာရီမှ ၁၀နာရီအတွင်း MICT Parkတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ Project Showတွင် Education Project Competition (2012) ပြိုင်ပွဲမှ Project ၁၆ခု၊ အကောင်းဆုံးဆု ၄ဖွဲ့၊ ဆန်ကာတင် Final List ၁၂ဖွဲ့၊ IT Business Plan Contenst 2012 ပြိုင်ပွဲမှ Project ၁၀ခု (ပထမ၊ ဒုတိယ၊ တတိယ၊ ဆန်ကာတင်အဖွဲ့ 1st Asean ICT Award (2012)တွင် Corporate Social Responsibility Categoryဖြင့် ဆုရရှိထားသူများအား National ICT Award 2012 (Education Project Conpetition)က ချီးမြှင့်သွားမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းမှ ကြီးမှုး၍ အသင်းနှစ်ပတ်လည် အထိန်းအမှတ်နှင့် အသင်းသားများ စုံညီ ပျော်ပွဲရွှင်ပွဲ အခမ်းအနားအား ၂၀၁၃ခုနှစ်၊ မတ်လ (၃၁)ရက် တနင်္ဂနွေနေ့ နံနက် (၉)နာရီမှစ၍ MICT Park, ပင်မဆောင်၊ Conference Hallနှင့် မြက်ခင်းပြင်တွင် ပျော်ရွှင်စရာ ဂိမ်းကစားနည်းများ၊ အသင်းမှ အလုပ်အမှုဆောင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နိုင်ခြင်းများ၊ အသင်းသားများအတွက် စိတ်ဝင်စားစရာ ကောင်းသည့် Lucky Drawများနှင့် အခြား အစီအစဉ်ပေါင်းများစွာအား ထည့်သွင်း စီစဉ်ထားကြောင်း သိရပါသည်။ အသေးစိတ် သိရှိလိုပါက အဆောင် (၁)၊ မြေညီထပ်၊ MICT-Park၊ ရန်ကုန်မြို့။ ဖုန်း – ၀၁-၆၅၂-၃၀၇၊ ၀၉-၇၃၂-၅၇၃-၇၇သို့ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *