News

ရန်ကုန်-ဒလ မြစ်ကူး တံတားဂယက် ဒလအိမ်ခြံမြေ ဈေးတက်

Yangon-Dala

ရန်ကုန်-ဒလ မြစ်ကူး တံတား တည်ဆောက်မည့် သတင်း ထွက်ပေါ်လာခဲ့ရာ ဒလဘက်ရှိ အိမ်ခြံမြေ ဈေးနှုန်းများမှာ ယခင်က ကျပ်သိန်း ရာဂဏန်းသာ ရှိခဲ့ရာမှ ယခုအခါ ကျပ်သိန်း ၅၀၀၀ဝန်းကျင်အထိ ဈေးမြင့်လာကြောင်း သိရသည်။ ဒလ-တံွ့တေးလမ်းမကြီးဘေးရှိ ပေ ၄၀×၆၀ အိမ်နှင့် မြေကွက်၊ ဂရန်စာချုပ်အပါ ဈေးနှုန်းမှာ အနည်းဆုံး ကျပ်သိန်း ၁၅၀၀မှ အများဆုံး ကျပ်သိန်း ၅၀၀၀ခန့်အထိ ဈေးပေါက်နေပြီး အတွင်းပိုင်းတွင် ကျပ်သိန်း ၅၀၀မှ ၇၀၀အထိ ပိုင်ဆိုင်မှု စာချုပ်နှင့် မြေနေရာ အကျယ်အဝန်းပေါ် မူတည်၍ ယခင်ဈေးများထက် နှစ်ဆခန့် တက်လာခြင်း ဖြစ်သည်။

အရောင်းအဝယ်များ နေ့စဉ်လို ဖြစ်နေပြီး စီးပွားရေး လုပ်ငန်းရှင်များမှ အဝယ်များကြောင်း၊ ယခုကဲ့သို့ ဈေးမြင့်တက်လာသည်မှာ နှစ်ပတ်ခန့်သာ ရှိသေးပြီး၊ ဈေးများ ယခုထက် မြင့်တက်ရန်သာ ရှိကြောင်း၊ ရောင်းသည့်သူက စိတ်ကြိုက်ဈေးခေါ်ပြီး ဝယ်သည့်သူကလည်း ဈေးကိုခေါ်သလောက်ပေးကြောင်း၊ တံတားစီမံကိန်းနှင့် မြို့ပတ်လမ်း စီမံကိန်းတို့နှင့် တိုက်ရိုက်ကျနေသော မြေနေရာများ အရောင်းအဝယ် ပိုဖြစ်ကြောင်း၊ ကျန်စစ်သား ရပ်ကွက်မှ အမှိုက်ပုံနေရာတောင် ကိုရီးယား လူမျိုးတစ်ယောက်က ကျပ်သိန်း ၃၀၀၀နှင့် အပြတ်ဝယ်သွားကြောင်း သိရသည်။

တံတား တည်ဆောက်မည့် သတင်းများအရ ဒလမြို့နယ်တွင် အချက်အခြာ အကျဆုံးဟု ယူဆလျက်ရှိသည့် ကျန်စစ်သား ရပ်ကွက် တပင်ရွေှထီးရပ်ကွက်၊ သပြေကုန်းရပ်ကွက်၊ ကမာကဆစ်ရပ်ကွက် စသည့်ရပ်ကွက်များမှာ ဈေးများ အဆမတန်မြင့်တက်လျက် ရှိသည်။ ကျန်စစ်သား ရပ်ကွက်တွင် ခြံသီးသန့်ပေ ၅၀ပတ်လည်ကို ကျပ်သိန်း ၇၀၀၊ ၄၀×၆၀မြေကွက်အိမ်အပါဆိုလျှင် သိန်း ၁၂၀၀မှ ၁၅၀၀အထိ၊ ၂၅×၅၀ပေကို သိန်း ၄၀၀မှ ၅၀၀၊ ဒလ-တံွ့တေး လမ်းပေါ်ခြံသီးသန့် ကျပ်သိန်း ၃၀၀၀မှ ၆၀၀၀၊ လမ်းမတန်း အတွင်းဘက်ခြမ်းတွင် သိန်း ၂၀၀၀အထိ ဈေးမြင့်တက်လာပြီး ယခင်က ၎င်းဈေးများ၏ ထက်ဝက်သို့မဟုတ် သုံးပုံ တစ်ပုံခန့်သာ ပေါက်ဈေး ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား စီမံကိန်းကို မြန်မာ-ကိုရီးယား ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ကိုရီးယား သမ္မတနိုင်ငံမှ တာဝန်ယူ တည်ဆောက်မည် ဖြစ်ပြီး ၂၀၁၄နှစ်ဆန်းပိုင်းတွင် စတင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ရန်ကုန်-ဒလ မြစ်ကူး တံတားဂယက် ဒလအိမ်ခြံမြေ ဈေးတက်

  1. Myo Thiha says:

    ရောင်းတာတွေ ကတော့ လန်ထွက်နေတာပဲ။တကယ့်ကို စီးပွားရေးဇုန် ဖြစ်လာပြီဆိုလားဆို တော့ ပနက်တောင် မရိုက်ရသေးဘူး။လူတွေကတော့ အဆန်းပဲ။ဒလကလူတွေ ချမ်းသာတော့မယ်ထင်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *