News

Appleက စက်တင်ဘာ ၁၀ရက်နေ့မှာ iPhoneအသစ်ကို ပွဲထုတ်မည်

Appleအနေနဲ့ ၎င်းတို့ရဲ့မျိုးဆက်သစ် iPhoneကို ပွဲထုတ်မိတ်ဆက်ဖို့ နေ့ရက်ကိုတော့ တရား၀င်ကြေညာတာ မဟုတ်ပါဘူး။ ဒါပေမယ့် All Things Dရဲ့ သတင်းတစ်ပုဒ်မှာ Appleဟာ မီဒီယာတွေကို စက်တင်ဘာ ၁၀ရက်နေ့မှာ အတူတကွ လာခဲ့ကြဖို့ ဖိတ်ခေါ်လိုက်တယ်လို့ ဆိုပါတယ်။ မေးခွန်းထုတ်စရာ တစ်ခုကApple အနေနဲ့ အစောပိုင်းကထွက်ခဲ့တဲ့ ကောလာဟလတွေလို တကယ်ပဲ Multiple New iPhonesတွေ ပြသမှာလား ဆိုတာပါပဲ။ ဈေးချိုတဲ့ ပစ္စည်းတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ တန်ဖိုးနည်း iPhoneနဲ့ လက်ရှိ iPhone5ကို အစားထိုးနေရာယူသွားမယ့် စမတ်ဖုန်းတို့ရဲ့ မိတ်ဆက်ပွဲထုတ်မှု ဖြစ်မလားဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။

ATD(All Things D)ကတော့ iPadနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာပြောခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့်လည်း Appleအနေနဲ့ iPad Miniကို အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းနဲ့ Retina ပါ၀င်လာတဲ့ စတုတ္ထမြောက်မျိုးဆက် iPadတို့ကို ပွဲထုတ်မယ့် သီးသန့်ပွဲတစ်ခု ကျင်းပနိုင်ဖွယ်ရှိနေပါတယ်။ ပိုပြီးတော့ စိတ်၀င်စားဖွယ် ကောင်းတာကတော့ ဒီနှစ်အစောပိုင်းမှာ WWDCကနေ ကြေညာခဲ့ပြီး လက်ရှိမှာ Betaဗားရှင်း ငါးခုအထိ ထွက်နေတဲ့ iOS7ရဲ့ Release Dateကိုလည်း စက်တင်ဘာ ၁၀ရက်နေ့ပွဲမှာ ထုတ်ဖော်ပြောကြား သွားမှာဖြစ်ပါတယ်။

Source:The Verge

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *