News

Motion Detection Featureကို iPhoneအတွက် စမ်းသပ်နေ

Apple tests motion detection iPhone fe

Appleမှ Motion Detection Feature စမ်းသပ်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ နည်းပညာသည် သုံးစွဲသူ၏ ဦးခေါင်းများကို လှုပ်ရမ်းရုံဖြင့် iPhoneကို ထိန်းချုပ်နိုင်မည့် နည်းပညာတစ်ရပ် ဖြစ်သည်။ ယင်း နည်းပညာ အသစ်ကို Apple နောက်ဆုံးထွက် iOS 7 ၏ Developer Versionတွင် တွေ့ရှိရမည်ဖြစ်ပြီး အများပြည်သူ သုံးစွဲနိုင်ဦးမည် မဟုတ်သေးကြောင်း သိရသည်။ iPhone သို့မဟုတ် iPadမှာပါရှိတဲ့ ကင်မရာကို မျက်နှာမူပြီး ဦးခေါင်းလှုပ်ရှားမှုဖြင့် အလုပ်လုပ်ခြင်း ဖြစ်သည်။ ဦးခေါင်းကို ဘယ်ညာ လှုပ်ရမ်းခြင်းအားဖြင့် လက်ရှိ လုပ်ဆောင်နေရာမှ အခြားတစ်ခုသို့ ပြောင်းလဲဖွင့်ခြင်း၊ Main Home Screenသို့ ပြန်လည် ရောက်ရှိသွားခြင်း၊ Notificationများကို ကြည့်ခြင်းများ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ iOS စနစ်အတွက် နောက်ဆုံး Version များသည် စမ်းသပ်နေဆဲ ဖြစ်ပြီး Developerများက Featureများအလိုက် App အသစ်များ ဖန်တီးလျက် ရှိသည်။ အသုံးပြုသူ၏ လှုပ်ရှားမှုအလိုက် လုပ်ဆောင်သော နည်းပညာသည် ကွန်ပျူတာ နည်းစနစ်များတွင် လွန်ခဲ့တဲ့ နှစ်များအတွင်းက ပေါ်ထွက်လာခဲ့ပြီး Motion Control Optionသည် စမတ်ဖုန်းများတွင် နောက်ပိုင်းကာလများ၌ ခေတ်စားလာသည်။ နောက်ဆုံးထွက်ရှိလာသည့် Samsung Galaxy 4တွင် မျက်လုံး၏ တည်နေရာအလိုက် လုပ်ဆောင်နိုင်သော လက္ခဏာသစ်များ ပါ၀င်လာသည်။ ဗီဒီယို ကြည့်ရှုနေရာမှ အေ၀းသို့ ရောက်သွားသည့်အခါ အလိုအလျောက် ရပ်တန့်သွားသည်။S 4တွင် လက်ဟန်ခြေဟန် ပြရုံဖြင့်လည်း လုပ်ဆောင်ပေးသည်။ ဖုန်းခေါ်ဆိုလာသည့် အခါတွင် ဖုန်းအပေါ်မှ လက်ကို ဖြတ်သန်းပြီး ဖုန်းပြောဆိုနိုင်သည်။

Ref : edition.cnn.com

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *