How-to

ကွန်ပျူတာကို အသုံးပြုနေသူများအတွက် လိုအပ်သည့် နေ့စဉ်လုပ်ဆောင်ရန် အချက်များ

Fix Repair - vooriders

သင့်အိမ်မှာသော်လည်းကောင်း ရုံးခန်းမှာသော်လည်းကောင်း ကွန်ပျူတာများကို ထိန်းသိမ်းခြင်း လုပ်ငန်းသည် သင့် ကွန်ပျူတာ ပုံမှန် ကောင်းမွန်နေစေရန်နှင့် လုံခြုံစွာ အသုံးပြုနိုင်ရန်အတွက်မရှိမဖြစ် လိုအပ်သော အချက်ဖြစ်ပါသည်။ ဒါပေမဲ့ အဲဒီလိုထိန်းသိမ်းဖို့အတွက် ကွန်ပျူတာမှာ ဘယ်လို လုပ်ငန်းတာ၀န်တွေ လုပ်ဆောင်ပေးရမလဲဆိုတာနဲ့ ဘယ်လိုမျိုးမကြာခဏ လုပ်ပေးသင့်တယ်ဆိုတာ တစ်ခါတစ်ရံ သင် သတိမရဘူး ဖြစ်နေတတ်တယ်။

ပထမဦးဆုံး Daily, Weekly, Monthly (၃)ခုရှိပါတယ်။

Daily (နေ့စဉ်လုပ်ဆောင်ရန်)

  1. Computer အသုံးပြုနေစဉ် ကိစ္စတစ်စုံတစ်ခုကြောင့် နေရာမှထသွားလျှင် တစ်စုံတစ်ယောက်က Information များမခိုးယူနိုင်စေရန် မိမိ Computer ကို LOCK (Windows key + L) လုပ်သွားပါ။
  2. Security ကောင်းမွန်သော Antivirus and Antispyware Software များကို Runnging လုပ်ဆောင်ထားပါ။
  3. Antivirus and Antispyware Software များကို Automatically Check for Updatesလုပ်ဆောင်ထားပါ။
  4. မိမိ Data များကို Backup နေ့စဉ်လုပ်ပါ။
  5. သင်၏ ကွန်ပျူတာပြုပြင်မွန်းမံစေရန် နှင့် စွမ်းအင်ချေွှတာနိုင်စေရန် တစ်နေ့တာ အသုံးပြုပြီးတိုင်း ပါဝါကိုပိတ်ပါ။

Weekly (တစ်ပတ်တစ်ခါလုပ်ဆောင်ရန်)

  1. မိမိ Computer ကို Virus နှင့် Spyware မရှိနိုင်စေရန် Automatically run full scans လုပ်ထားရန်။
  2. Junk E-mail, Deleted Items Folders များကိုဖျက််ပါ။
  3. Recycle Bin ထဲမှ Data များ၊ အသုံးမပြုတော့သော Duplicate file များ ကိုဖျက်ပါ။
  4. အသုံးမပြုတော့သော Software များ ကို Uninstall လုပ်ပါ။

Monthly (လစဉ်လုပ်ဆောင်ရန်)

  1. Regular Maintenance လုပ်ပေးခြင်း။ Disk Cleanup (Disk CleanUP ကိုသွားမယ်ဆိုရင် Start > All Programs > Accessories > System Tools > Disk CleanUP ကို၀င်ရပါမယ် ) Disk Defragments (Start>All Programs> Accessories> System Tools> Disk Defragments ကိုသွားပါ ) CHKDSK ((Windows key + R) Run Box> CHKDSK
  2. သင်ပုံမှန်အသုံးပြုနေသည့် Software များကို အမြဲ Update Installation ပြုလုပ်ပေးပါ။ Operating system, Security Software, Productivity Suites (i.e. Microsoft Office), Internet browsers, Adobe software (i.e. Reader, Flash Player)

လုံခြုံဘေးကင်းသော ကွန်ပျူတာသုံးစွဲခြင်း အလေ့အထကို သင်နေ့စဉ် ကျင့်သုံးရန် သတိရပါ။

author-avatar

About Kyaw San Tun

ကျော်ဆန်းထွန်းမှာ Myanmar ICTတွင် နည်းပညာဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

One thought on “ကွန်ပျူတာကို အသုံးပြုနေသူများအတွက် လိုအပ်သည့် နေ့စဉ်လုပ်ဆောင်ရန် အချက်များ

  1. Myo Thiha says:

    ကောင်းလိုက်တဲ့သတင်းလေးပဲ။Computer သုံးသူအားလုံးကို ဝေမျှပေးလိုက်ပါမယ်။ICT ရေကျေးဇူးပဲ။

Leave a Reply

Your email address will not be published. Required fields are marked *