News

၂၀၁၄ခုနှစ်ကုန်တွင် Carlsberg ဘီယာ စတင် ထုတ်လုပ်မည်

Carlsberg

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင် အခြေစိုက် Carlsberg ဘီယာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဆောက်ရွက်နေသည့် ဘီယာစက်ရုံကို ၂၀၁၄ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင် လည်ပတ်မည်ဖြစ်ပြီး မြန်မာအမှတ်တံဆိပ်ဖြင့် ဥရောပသို့ တစ်လလျှင် ဘီယာသံဗူး တစ်သန်းခန့် တင်ပို့ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

Carlsbergသည် ပြည််တွင်း ကုမ္ပဏီ တစ်ခုဖြစ်သည့် MGS (Myanmar Golden Star)နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။ MGS ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောကြားရာမှာ စက်ရုံကို ၂၀၁၄ခုနှစ်လောက် ပြီးမည်ဟု ခန့်မန်းထားကြောင်း၊ မြန်မာဈေးကွက်တွင် Carlsbergရော မြန်မာအမှတ်တံဆိပ်နှင့်ရော နှစ်မျိုးစလုံး ဈေးကွက်တင်သွားမှာဖြစ်ပြီး ဥရောပနိုင်ငံများကို မြန်မာ အမှတ်တံဆိပ်နှင့် ဘီယာသံဗူးများ တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

Carlsberg MGS ကုမ္ပဏီကို ယခုနှစ် အစောပိုင်းက မှတ်ပုံတင်ခဲ့ပြီး ကုမ္ပဏီ မိတ်ဆက်ပွဲကို ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖက်စပ် ကုမ္ပဏီသည် ပဲခူးစက်မှုဇုန်တွင် စက်ရုံစတင် တည်ဆောက်လျက်ရှိပြီး၊ ၂၀၁၄ခုနှစ်အတွင်း စက်ရုံနှင့် စက်ပစ္စည်းများအပြီးသတ် တပ်ဆင်မည်ဖြစ်ကာ Carlsberg ဘီယာအပြင် မြန်မာအမှတ်တံဆိပ် ဘီယာတစ်မျိုးကိုပါ ထုတ်လုပ်သွားမည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *