Featured, News, Review

Appleရဲ့ ၀န်ထမ်းများဟာ သူ့ပြိုင်ဖက်များလောက် စွဲဆောင်မှု မရှိပါ

Appleဟာ စွဲဆောင်မှုရှိတဲ့ ထုတ်ကုန်များကို ထုတ်လုပ်နေပေမယ့်လည်း သူ့၀န်ထမ်းတွေကတော့ စွဲဆောင်မှုမရှိပါဘူး။

လူမှုကွန်ယက် ရည်းစားရှာတဲ့ Appတစ်ခုဖြစ်တဲ့ Hingeရဲ့ အဆိုအရ Apple ၀န်ထမ်းများရဲ့ စွဲဆောင်မှုဟာ ပြိုင်ဖက် Amazon, Google, Microsoft, Facebookတို့ရဲ့ ၀န်ထမ်းတွေထက် နောက်ကောက်ကျနေပါတယ်။

နည်းပညာ ကုမ္ပဏီ ငါးခုမှ ၀န်ထမ်းများရဲ့ စွဲဆောင်မှုကို တိုင်းတာပုံကတော့ Hingeမှာ လူတွေရဲ့ ဆက်သွယ်မှုအပေါ် အခြေခံတာပါ။ အပြာရောင်ရှပ်အင်္ကျီ၀တ် Apple၀န်ထမ်းများကို ဆက်သွယ်မှုဟာ -၀.၂ ဖြစ်ပြီး စွဲဆောင်မှုအရှိဆုံး Amazon ၀န်ထမ်းများကို ဆက်သွယ်မှုနှုန်းက ၁၄.၂ ဖြစ်ပါတယ်။

ဒုတိယနေရာမှာ Microsoftရဲ့ ၀န်ထမ်းများ ရပ်တည်နေပြီး သူ့နောက်မှာတော့ Googleနဲ့ Facebookတို့ ဖြစ်ပါတယ်။

ဒါပေမယ့် Apple၀န်ထမ်းတွေ အတွက် စိတ်ပူစရာမလိုပါဘူး။ ဒါဟာ ပျမ်းမျှတွက်ချက်မှုပါပဲ။ Apple၀န်ထမ်းတွေအနေနဲ့ Amazonက ၀န်ထမ်းတွေနဲ့တော့ တွဲသွားတွဲလာ မလုပ်ဖို့ အကြံပေးပါတယ်။

Hingeကို မနှစ်က ဖြန့်ချီခဲ့တာဖြစ်ပြီး Facebook Profilesတွေကို ရယူပြီး သူငယ်ချင်းတွေရဲ့ သူငယ်ချင်းတွေကို ဆက်သွယ်မိတ်ဖွဲ့နိုင်အောင် Algorithm ရေးဆွဲထားတာပါ။ သူငယ်ချင်းများကို ကြုံရာကျပန်း ရွေးချယ်ပေးတာ မဟုတ်ပါဘူး။

စွဲဆောင်မှုကို အဆင့်သတ်မှတ်ပေးတဲ့ အပြင် Hingeက မိတ်ဖက်ရွေးချယ်မှုအဆင့်တွေကို သတ်မှတ်ပေးခဲ့ပါတယ်။ ထူးခြားတာက Amazon ၀န်ထမ်းတွေကို ရွေးချယ်မှု အနည်းဆုံးဆိုတာ တွေ့ရပါတယ်။ အဲဒီတော့ စွဲဆောင်မှုနဲ့ ရွေးချယ်မှုဟာ ယှဉ်တွဲနေတာမဟုတ်ပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *