News

တန်ဖိုးနည်းဖုန်းများ လစဉ်ချထားပေးနေမှု အစီအစဉ် ပြောင်းလဲမည်

တန်ဖိုးနည်းဖုန်းများ လစဉ်ချထားပေးနေမှု အစီအစဉ် ပြောင်းလဲမည်

ဂျပန်နိုင်ငံ၏ KDDI Corporation၊ Sumitomo Corporationတို့နှင့် ပူးပေါင်း ဆောင်ရွက်လိုက်သည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လစဉ်တန်ဖိုးနည်းဖုန်းများ ချထားပေးနေမှု အစီအစဉ်ကို ပြောင်းလဲ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိ အရေအတွက် အကန့်အသတ်ဖြင့် ချထားပေးနေမှုအား အကန့်အသတ်မရှိ ချထားပေးမှုအဖြစ် နောက်ပိုင်းတွင် ဆောင်ရွက်သွားမည်ဟုဆိုသည်။ “ခွဲတန်းစနစ်မဟုတ်ဘဲနဲ့ အားလုံးဝယ်ယူနိုင်အောင် ဆောင်ရွက်သွားမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောသည်။

လက်ရှိလစဉ် ချထားပေးနေသော တန်ဖိုးနည်းဖုန်းများ ခွဲတန်းစနစ်ပုံစံ မည်သည့်အချိန်တွင် ပြောင်းလဲဆောင်ရွက်သွားမည်ကို အတိအကျမပြောကြား သေးသော်လည်း အမြန်ဆုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဂျပန်နိုင်ငံ၏ KDDI Corporation၊ Sumitomo Corporation တို့ပူးပေါင်းဆောင်ရွက်လိုက်ခြင်းနှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်နေမှုတို့မှာ သီးခြားစီဖြစ်ကြောင်း ဦးခင်မောင်ထွန်းက ပြောသည်။ “MEC နဲ့ပူးပေါင်းတာကတစ်ခု၊ KDDI နဲ့ပူးပေါင်းတာက တစ်ခုပါ ” ဟုပြောကြားသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *