Featured, How-to

Old Composeဖြင့် Gmailရဲ့ မူလ အီးမေးရေးသားတဲ့ ဒီဇိုင်းကို ပြန်လည် အသုံးပြုနည်း

Old Composeဖြင့် Gmailရဲ့ မူလ အီးမေးရေးသားတဲ့ ဒီဇိုင်းကို ပြန်လည် အသုံးပြုနည်း

ပြီးခဲ့တဲ့နှစ်မှာ Googleက Gmailရဲ့ သွင်ပြင်ကို ပြောင်းလဲလိုက်တာကို မကြိုက်သူတွေထဲမှာ စာရေးသူလည်း တစ်ယောက် အပါအ၀င်ပါ။ ပြောင်းလဲလိုက်တာတွေကတော့ Gmailမှာ အီးမေးရေးသားတဲ့ အခါမှာ ပြသပေးတဲ့ Floating Windows ဖြစ်ပါတယ်။ ၀င်းဒိုးက အရွယ်သေးငယ်သွားတဲ့အတွက် အီးမေးရေးသားရတာ အဆင်မပြေလှပါဘူး။ နောက်ထပ် ပြောင်းလဲမှုတွေကတော့ Replyလုပ်တဲ့ အီးမေးတွေကို Threadedပုံစံနဲ့ ပြသပေးတာပါ။ နောက်ပြီး အသုံးမ၀င်တဲ့ Formatting Toolsတွေ ပါရှိလာပါတယ်။ အဆိုးဆုံးကတော့ အစပိုင်းမှာ Floating Windowကို မသုံးချင်ရင် မူလ၀င်းဒိုးကို အသုံးပြုခွင့်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာ မူလ၀င်းဒိုးကို လုံး၀ဖယ်ရှားလိုက်တာပါ။ အခုတော့ Floating Windowsက လွဲပြီး အသုံးပြုစရာမရှိတော့ပါဘူး။

ဒါပေမယ့်လည်း Old Composeဆိုတဲ့ Browser Extensionက မူလ အီးမေး ရေးသားတဲ့ ၀င်းဒိုးကို ပြန်လည် အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။

အတိုချုပ်ပြောရရင်တော့ Gmail သွင်ပြင်ကို ပြောင်းလဲပြီးတဲ့ နောက်မှာ Old Composeနဲ့ အခြား ဆင်တူတဲ့ Extensionများစွာ ပေါ်ထွက်လာပြီး မူလ၀င်းဒိုးကို ပြန်အသုံးပြုနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့် Googleက Extensionများရဲ့ စွမ်းဆောင်ချက်ကို အသုံးမ၀င်အောင် ပြုလုပ်ခဲ့သလို Web Storeမှာလည်း Extensionများကို ဖယ်ရှားခဲ့ပါတယ်။ Old Composeကို တီထွင်သူတွေက ပြဿနာများကို ဖြေရှင်းပြီးပြီ ဖြစ်ကြောင်းနဲ့ Chrome Web Storeနဲ့ Firefox Add-On Storeများမှာ ရယူအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

Old Composeမှာ Viewနှစ်ခုကို ရွေးချယ်နိုင်ပါတယ်။ Classic Composeက သင်နှစ်ပေါင်းများစွာ အသုံးပြုလာတဲ့ Gmail ပုံစံဖြစ်ပါတယ်။ Improved Composeက မူလသွင်ပြင်နဲ့ Google Drive Button, Walletအပြင် အခြား စွမ်းဆောင်ချက်များအတွက် ခလုတ်တွေကို ပေါင်းစပ်ထည့်သွင်းပေးထားတာပါ။ နှစ်ခုစလုံးကတော့ အသုံးပြုရတာ ကောင်းမွန်ပါတယ်။ တီထွင်သူတွေကတော့ Improved Composeရဲ့ စွမ်းဆောင်ချက်တွေကို Google က ဘယ်တော့မှ ဖယ်ရှားလို့မရဘဲ တည်ငြိမ်တယ်လို့ ပြောပါတယ်။

ပထမတော့ Old Composeကို အသုံးပြုဖို့ အငြင်းပွားဖွယ်ရာတွေရှိပါတယ်။ အဲဒါကတော့ Registerလုပ်ရတာနဲ့ Twitterမှာ ကြော်ညာပေးရတာပါ။ အခုတော့ အဲဒီ စိတ်အနှောင့်အယှက် ဖြစ်စရာတွေမလိုတော့ဘဲ အသုံးပြုနိုင်ပါပြီ။ နောက်ပြီး Old Composeကို အခမဲ့ သုံးနိုင်ပါတယ်။

Old Composeဟာ ဂျီမေးရဲ့ သွင်ပြင် အသစ်ကို မကြိုက်သူတွေအတွက် ကူညီပေးနိုင်ပါတယ်။ ကျွန်တော် Old Composeကို အသုံးပြုနေတာ ရက်သတ္တပတ်များစွာ ရှိပြီး အလွန်အဆင်ပြေနေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *