Gadgets, Review

Kindle ဆိုတာဘာလဲ?

Amazon Kindle ဆိုတာ E-commerce ကုမ္ပဏီကြီးဖြစ်တဲ့ Amazon က ထုတ်လုပ်တဲ့ E-book Reader ပဲ ဖြစ်ပါတယ်။ Amazon ဟာ The Kindle လို့ ခေါ်တဲ့ electronic book (e-book) reader ကို ၂၀၀၇ ခုနှစ်မှာ မိတ်ဆက်ရောင်းချခဲ့ပါတယ်။ Amazon ရဲ့ Kindle ဟာ အဲဒီအချိန်တုန်းက ပထမဆုံး e-book reader device တစ်ခုမဟုတ်ပေမယ့် သူ့ရဲ့ဒီဇိုင်းပိုင်းနှင့် Features တွေကြောင့် ထွက်ရှိပြီး ၅ လအတွင်း ပစ္စည်းပြတ်လပ်သည်အထိရောင်းရခဲ့ကာ ငြိမ်သက်နေတဲ့ e-book readers စျေးကွက် ပြန်လည်နိုးထခဲ့ပါတယ်။

Kindle ဟာ ကွန်ပျူတာနှင့် ချိတ်ဆက်စရာ မလိုဘဲ store တွေက electronic newspaper တွေကိုလည်း e-readers တွေ အလွယ်တကူ ဒေါင်းလုဒ် လုပ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Kindle ကနေပြီး လက်ရှိ Amazon.com မှာ ရှိတဲ့ electronic စာအုပ်ပေါင်း ၆ သန်းကျော်ကို ဒေါင်းလုဒ် ဆွဲနိုင်ပြီး တစ်ခါ အားသွင်းပြီးရင် တစ်ပတ်လောက် အေးဆေး ဖတ်နိုင်ပါတယ်။ Amazon Kindle မှာ e-books တွေအပြင် newspapers တွေ audiobooks တွေကိုပါ ဒေါင်းလုပ်ဆွဲပြီး လေ့လာ ဖတ်ရှုနိုင်ပါတယ်။

Amazon Kindle တွေက Wi-Fi စနစ်ပါဝင်တဲ့အပြင် Bluetooth ကိုပါ အထောက်အပံ့ ပေးတာကြောင့် Wireless headphones တွေ speakers တွေနဲ့ပါ တွဲဖက် အသုံးပြုနိုင်ပါတယ်။ မြန်မာနိုင်ငံက E-book ဖတ်ရှု့သူတွေအနေနဲ့ Amazon Kindle ကို စိတ်ဝင်စားလို့ ဝယ်ယူချင်တယ်ဆိုရင် အောက်ပါ Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Shop here » https://www.ict.com.mm/shop/tablets/e-book-readers/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *