မိုဘိုင်းဖုန်း အသုံးပြုသူ တော်တော်များများဟာ အင်တာနက်ထဲကို ၀င်ရောက်ပြီး ဗဟုသုတ ရနိုင်မည့် ၀က်ဆိုက်ဒ်တွေ နည်းပညာ ၀က်ဆိုက်ဒ်တွေနှင့် တခြား စိတ်၀င်စားစရာ ကောင်းတဲ့ ၀က်ဆိုက်ဒ်တွေကို နေ့စဉ်နှင့်အမျှ ၀င်ရောက် ကြည့်ရှုနေကြပါတယ်။ Android မိုဘိုင်းဖုန်းဟာ အင်တာနက် အသုံးပြုသူများအတွက် ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် Web Browser Applicationလေးကို ထည့်သွင်း ပေးထားပါတယ်။ ကဲ Web Browserကို စတင် လေ့လာ အသုံးပြုကြည့်ရအောင်။
မိမိ Android ဖုန်းတွင် ပါ၀င်တဲ့ Web Browserကို အရင်ဆုံး ဖွင့်လိုက်ပါ။ အင်တာနက် Web Page ကျလာပါလိမ့်မယ်။ အပေါ်ဆုံးက Address Barမှာ မိမိ စိတ်ကြိုက် ၀က်ဆိုက်ဒ်လိပ်စာကို ရိုက်နှိပ် ထည့်လိုက်ပါက မိမိ ကြည့်ရှုလိုသော ၀က်ဆိုက်ဒ်ကို ဖော်ပြပေးပါလိမ့်မယ်။ Address Barရဲ့ ညာဘက် ဘေးနားမှာတော့ကြယ်ပုံစံ icon လေးကို တွေ့ရမှာပါ။ ကြယ်ပုံစံ icon ထဲကို ၀င်လိုက်တာနဲ့ Bookmarks, Most Visited, Historyတွေကို တွေ့ရမှာပါ။ Bookmarks ဆိုတာကတော့ မိမိ အသုံးပြုနေကျဖြစ်တဲ့ ၀က်ဆိုက်ဒ်တွေကို မှတ်သားပေးထားပါတယ်။ ကိုယ် အကြိုက်နှစ်သက်ဆုံး ၀က်ဆိုက်ဒ်တွေကိုလည်း Add Bookmarkမှာ Save လုပ်ထားနိုင်ပြီး ၀က်ဆိုက်ဒ်ကို အလွယ်တကူ ပြန်လည် ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။
Most Visitedကတော့ သင် အများဆုံး ၀င်ရောက် ကြည့်ရှုခဲ့တဲ့ ၀က်ဆိုက်ဒ်တွေကို ကြယ်ပုံစံ အမှတ်အသားလေးနဲ့ မှတ်သားပေးထားပါတယ်။ နောက်ဆုံး History ကတော့ မိမိအရင်က ၀င်ရောက်ကြည့်ရှုခဲ့တဲ့ ၀က်ဆိုက်ဒ်တွေကို Today၊ Last 7 days၊ Last Month၊ Other အစရှိတာတွေက နေ့အလိုက်၊ လအလိုက် ကြည့်ရှုပြီးခဲ့တာတွေကို ဖော်ပြပေးထားတာ တွေ့ရပါတယ်။ အကယ်၍များ မှတ်သားထားတဲ့ Historyတွေ များပြားလာခဲ့ရင်တော့ Menuကို နှိပ်ပြီး Clear History လုပ်ပေးလို့ ရပါသေးတယ်။ ဒီလောက်ဆိုရင်တော့ Web Browserကို ကောင်းကောင်းကြီး အသုံးပြုနိုင်ပါပြီ။ ဒီအကြောင်းအရာနှင့် ပတ်သတ်ပြီး သိရှိပြီးသားသူများ ရှိသလို၊ မသိရှိသေးသော သူများအတွက် ရည်ရွယ်ပြီး တင်ပြလိုက်ပါသည်။