Featured, News

Lollipop ရဲ့ သင်ခန်းစာများ

Lollipop ရဲ့ သင်ခန်းစာများ
Android မှာ နောက်ဆုံးထွက်ဗားရှင်းဖြစ်တဲ့ Lollipop အတွက် အပလီကေးရှင်း ဖန်တီးဖို့ ကြိုးစားနေတယ်ဆိုရင် ဒီသင်တန်းက သင့်ကိုကူညီနိုင်ပါတယ်။ ဒီ Bitfountain comprehensive Andorid Lollipop package မှာ နာရီပေါင်း ၃၀ ကျော်စာ လမ်းညွှန်ချက် ဗီဒီယိုတွေ ပါဝင်ပြီး အပလီကေးရှင်း ၁၀ ခုကျော်စာ လေ့ကျင်းခန်းတွေပါဝင်ပါတယ်။အဲဒီ လေ့ကျင်းခန်းတွေကနေ သင် အပလီတွေ ဖန်းတီးတဲ့အခါမှာ သင်ရှာနေတဲ့ အထောက်အကူတွေ အပြည့်အစုံပါမှာ လို့လည်း သူတို့က ပြောပါတယ်။ ပြီးတော့ ဒီအစီစဉ်မှာ Java tutorials တွေကနေပြီးတော့ သင့်ရဲ့ အပလီတွေထဲကို Material Design တွေဖန်တီးတဲ့အခါမှာလည်း အထောက်အကူဖြစ်အောင် သီးခြား ခေါင်းစဉ်တွေကို ထည့်ပေးထားပါသေးတယ်။ အဲဒီ ပက်ကေ့ရှ်ထဲမှာ ပါတဲ့ ခေါင်းစဉ်တွေကတော့…
  • Java : Android apps တွေကိုဖန်တီးဖို့အတွက် Java ပရိုဂရမ်းမင်း language ကို မသိမဖြစ်သိရမှာပါ။ တကယ်လိုသာ မသိပဲနဲ့ Android ကို လေ့လာတယ်ဆိုရင်တော့ သင်ဟာ ဘယ်အပလီတွေ ဖန်တီးတီး တစ်ကယ်ကို စွမ်းဆောင်ရည်မြင့်တဲ့ အပလီကေးရှင်းတွေ ဘယ်တော့မှ ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။
  • eXtensible Markup Language : Text လို့ခေါ်တဲ့ စာသားတွေကို ဒယ်တာတွေ အသွင်းပြောင်းဖို့အတွက် သင်ဘယ်လို လုပ်ဖို့စဉ်းစားထားပါသလဲ။ ဘာမှ စဉ်းစားမနေပါနဲ့တော့ ဒီ language ကသင့်ကို ဘယ်လို အသွင်ပြောင်းရမလဲ ဆိုတာကို တစ်ဆင့်ချင်း သင်သွားပေးမှာပါ။
  • Android Studio 1.0 : Android အပလီတွေကို ဖန်တီးတဲ့ tools တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ဒီ tool ကတော့ Android ကနေ တရားဝင်ထုတ်ထားတဲ့အတွက် နောက်ပိုင်းမှာ အသုံးများဆုံး tool တစ်ခုဖြစ်လာမှာပါ။
  • Android Lollipop : ဒီပက်ကေ့ရှ်မှာ သင်အနေနဲ့ အပလီတွေကို အပ်တူဒိတ်ဖန်တီးနိုင်အောင်လို့ နောက်ဆုံးဗားရှင်း ဖြစ်တဲ့ Lollipop နဲ့ ညွှန်ကြားထားပါတယ်။
  • Material Design : သန်းပေါင်းများစွာသော အပလီတွေကို လူပေါင်းများစွာက ဖန်တီးနေတဲ့အတွက် သင့်ရဲ့ အပလီဟာလည်း သန်းပေါင်းများစွာထဲမှာ ဝင့်ကြွားစေဖို့အတွက် သင့်ဒီဇိုင်းကလည်း အတော်အတန်ကို စွဲဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီခေါင်းစဉ်ကနေပြီးတော့ ဘယ်လိုမျိုး ဒီဇိုင်းတွေကို ဖန်တီးမလဲဆိုတာကို ညွှန်ကြားပေးမှာပါ။
  • SQLite : ဆော့ဝဲလ်တွေ ကနေ web မှာ run လို့ရတဲ့ web application ၊ ဒီကမှတစ်ဆင့် မိုဘိုင်း အပလီတွေဆိုပြီး အများကြီးပေါ်လာတဲ့အခါမှာ ဒယ်တာဘေ့စ်ရဲ့ သဘောတရားကလည်း မသိမသာကို အရေးကြီးလာပါတယ်။ သင့်အပလီတွေကို စွမ်းဆောင်ရည်ကောင်းမွန်အောင် လည်ပတ်ဖို့အတွက် သင့်အနေနဲ့ ဒီခေါင်းစဉ်ကနေ ဒယ်တာတွေကို SQLite နဲ့ဘယ်လို ထိန်းသိမ်းမလဲ သိရမှာပါ။
  • Git : သင်ဟာ အပလီတွေကို ဖန်တီးနေတဲ့သူဆိုရင်တော့ တစ်ယောက်တည်း ကြိတ်ပြီး ဖန်းတီးမနေပါနဲ့။ သင်အနေနဲ့ သင့်ရဲ့ သူငယ်ချင်းတွေ ဖြစ်ဖြစ် ၊ သင်ဖန်တီးတဲ့အရာတွေကို လေ့လာချင်သူတွေကိုပဲ ဖြစ်ဖြစ် သင်ဖန်တီးထားတာတွေကို ရှဲသင့်ပါတယ်။ ဒီလိုရှဲဖို့အတွက် privacy ဘယ်လို control လုပ်တာကအစ ဗားရှင်း maintain လုပ်တာအထိကို ဒီခေါင်းစဉ်မှာ ညွှန်ကြားပေးထားပါတယ်။
   Android 5.0 Lollipop မှာ သင်ရဲ့ အိုင်ဒီယာတွေကို လက်တွေ့မှာ ဖုန်းပေါ်က သုံးလို့ရတဲ့ အပလီအဖြစ် အသက်သွင်းဖို့အတွက် သင်လိုအပ်နေတာတစ်ခုကတော့ ဒီပက်ကေ့ရှ်က ညွှန်ကြားချက်ကို ယူဖို့ပါပဲ။ ဒါဆို သင့်အနေနဲ့ စိတ်ဝင်စားတယ်ဆိုရင်တော့ ယခင်သက်မှတ်ထားတဲ့ ၈၉ ဒေါ်လာထက် ယခု ၈၂ ဒေါ်လာနဲ့ ညွှန်ကြားချက်တွေကို ရယူနိုင်ပါပြီ။
author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Leave a Reply

Your email address will not be published. Required fields are marked *