Automobile, Featured, News

ကမ္ဘာ့ပထမဆုံး 3D Printed Carကို ဒတ်ထရွိုက်မှာ တည်ဆောက်

3d-printed-car

3D Printerတွေကို နယ်ပယ်မျိုးစုံမှာ တွေ့မြင်နေရပြီး အဆောက်အဦးတွေကနေ အစ လေယာဉ်ပျံတွေ၊ လူ့ခန္ဓာကိုယ်တွင်းရှိ အင်္ဂါတွေ အဆုံး အရာ၀တ္ထုအားလုံးနီးပါးကို ဖန်တီးဖို့အတွက် အသုံးပြုနိုင်ပါတယ်။

အခုလည်း ဒတ်ထရွိုက်မှာ နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ ကားပြပွဲမှာ ကမ္ဘာ့ပထမဆုံး 3D Printed Carကို ဖန်တီးပြလိုက်ပါတယ်။

ကားကို Stratiလို့ အမည်ပေးထားပြီး လူနှစ်ယောက် စီးနင်းနိုင်ပါတယ်။ တစ်နာရီလျှင် မိုင်လေးဆယ်နှုန်း မောင်းနှင်နိုင်ပြီး မြို့တွင်းနဲ့ ခရီးတိုလေးများအတွက် ရည်ရွယ်ဒီဇိုင်းထုတ်ထားပါတယ်။ တစ်ရက်ကျော်ကျော်လေးအတွင်းမှာပဲ 3D Printerနဲ့ ကားကို ထုတ်လုပ်နိုင်ပါတယ်။

“ အခုလောလောဆယ်တော့ ကားတစ်စီးကို 3D Printerနဲ့ ထုတ်လုပ်ဖို့ ၄၄ နာရီကြာမြင့်ပါတယ်။ ဒီနှစ်ကုန်လောက်မှာ ၂၄ နာရီအတွင်း ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီနောက်မှာတော့ ၁၀ နာရီနဲ့ ၁၂ နာရီကြားမှာ ထုတ်လုပ်ဖို့ တီထွင်ကြံဆရမှာ ဖြစ်ပါတယ်။ “ လို့ ကားထုတ်လုပ်သူ Local Motorsရဲ့ စီအီးအို ဖြစ်သူ Jay Rogersက ပြောပါတယ်။

ကားရဲ့ ဖရိမ်နဲ့ မှန်တွေကို ကားထားရှိရာ အခန်းလောက် အရွယ်အစားရှိတဲ့ စက်ပစ္စည်းကနေ ကာဗွန်ဖိုက်ဘာ ပလတ်စတစ်တစ်မျိုးနဲ့ ထုတ်လုပ်တာ ဖြစ်ပါတယ်။ အလွှာ နှစ်ရာ ပါရှိပြီး ကီလို ရှစ်ရာလောက်လေးပါတယ်။ ဒါဟာ အမေရိကန်ရှိ ပျမ်းမျှကားတစ်စီးရဲ့ အလေးချိန် တစ်၀က်ကျော်လောက်ဖြစ်ပါတယ်။

တီထွင်သူရဲ့ အဆိုအရ ကားရဲ့ သက်တမ်းဟာ အနည်းဆုံး ဆယ်စုနှစ်တစ်၀က်လောက်ရှိပါတယ်။ “ ကားကို ကြမ်းတမ်းတဲ့ ပတ်၀န်းကျင်မှာ ထားရှိမယ်ဆိုရင် ငါးနှစ်ကနေ ခြောက်နှစ်လောက် အသုံးခံပါတယ်။ ကားကို ဂိုဒေါင်ထဲမှာ ထားမယ်ဆိုရင်တော့ သာမာန်ကားတစ်စီးလို အသုံးခံပါတယ်။ ကားရဲ့ အစိတ်အပိုင်းတွေ ပျက်ဆီးရင်လည်း လဲလှယ်နိုင်ပါတယ်။ ကောင်းတဲ့အချက်က လဲလှယ်လို့ မရတဲ့ ကားရဲ့ အစိတ်အပိုင်းတစ်ခု ပျက်ဆီးသွားရင် အဲဒီအစိတ်အပိုင်းကို ရောင်းချနိုင်တာ ဖြစ်ပါတယ်။ “ လို့ Jay Rogersက ပြောပါတယ်။

Stratiကို ယူရို ၁၅၀၀၀ ကနေ ၂၅၀၀၀ ကြား ဈေးနှုန်း သတ်မှတ်ထားပြီး ဒီနှစ်အတွင်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *