iPhone ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ယှဉ်ရင် Google ရဲ့ Android OS ကို မယှဉ်နိုင်ပေမယ့် အမေရိက Smartphone ဈေးကွက်မှာတော့ ဖုန်း အသုံးပြုသူတွေရဲ့တစ်၀က်နီးပါးကို သိမ်းပိုက်ထားတာဖြစ်ပါတယ်။ Wall Street Journal ရဲ့ သတင်းပို့ချက်အရ iPhone ကို ဂျပန် နိုင်ငံမှာ ရူးသွပ်စွာ နှစ်သက်ကြသူတွေဟာ အမေရိက ထက် ပိုများပြားနေတယ်လို့ သိရပါတယ်။
iPhone တွေ ဂျပန် မှာအောင်မြင်နေရတဲ့ အဓိကအကြောင်းအရာ က ဒေသတွင်းပြိုင်ဖက်ဖြစ်တဲ့ ကိုရီးယား ရဲ့ Samsung ကိုအားမပေးလိုတာကြောင့်ဖြစ်တယ်လို့ Wall Street Journal ကဆက်လက်ပြောဆိုပါတယ်။ အမေရိကန် Company တွေကို ဂျပန်တွေက ပိုမိုနှစ်သက်ကြတဲ့သဘောလည်းဖြစ်ပါတယ်။
“Apple ရဲ့ ပစ္စည်းတွေကို ဂျပန်မှာ ပိုမိုနှစ်သက်ကြပါတယ်။ Specification တွေကွာခြားချက်ကြောင့်မဟုတ်ဘဲ iPhone ကိုင်ချင်တဲ့ ရူးသွပ်မှုကြောင့်ဖြစ်ပါတယ်။” လို့ BCN Inc ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Eiji Mori က Wall Street Journal ကိုပြောကြားပါတယ်။
iPhone တွေကို ဂျပန်မှာ ရူးသွပ်စွာနှစ်သက်ကြပြီး iPhone Fans တွေဟာ မုန်တိုင်းတိုက်နေတဲ့အချိန်မှာတောင် iPhone ကို၀ယ်ယူဖို့တန်းစီစောင့်ဆိုင်းနေကြတဲ့ အဖြစ်အပျက် တွေ ရှိနေခဲ့ပါတယ်။
Japan မှာ iPhone Crazy တွေ အမေရိကန် ထက်ပိုများ

12
Nov