News

နည်းပညာမြင့် ပစ္စည်းတွေတပ်ဆင်ထားတဲ့ အငှားကား စီးကြမလား

ဒီနေ့ခေတ်မှာ နည်းပညာမြင့် အီလက်ထရောနစ် ပစ္စည်းတွေကို နေရာတိုင်းမှာ နေ့တိုင်းတွေ့မြင်နေကြပါတယ်။အဲဒီပစ္စည်းတွေကို ကား ထဲမှာ တပ်ဆင်ပြီးအသုံးပြုမယ်ဆိုရင် ထူးခြားဆန်းသစ်တဲ့ ခံစားမှုကိုရရှိစေမှာပါ။ PlayStation 4 ဂိမ်းစက်တွေ , TV တွေ၊ အလုပ်လုပ်ဖို့ Laptop ကောင်းကောင်းတစ်လုံး စတာတွေကို ကားထဲမှာ ဇိမ်ကျကျ အသုံးပြုချင်ရင်တော့ Car Force One ဆိုတဲ့ အငှားယာဉ် ကို အသုံးပြုပါ။
သမ္မတ တစ်ယောက်စီးဖို့အတွက် တောင် အဆင်ပြေသင့်တော်စေမယ့်ကားဖြစ်ပါတယ်။ Car Force One က ဇိမ်ကျကျ စီးနိုင်မယ့် ကား၀န်ဆောင်မှုတစ်ခုဖြစ်ပြီး New York မှာ စတင်၀န်ဆောင်မှုပေးနေပြီဖြစ်ပါတယ်။ ကမ္ဘာ့ နည်းပညာမြင့် ပစ္စည်းတွေတပ်ဆင်ထားတဲ့ကားလို့ပြောလို့ရပါတယ်။ကားထဲမှာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေကိုအသုံးပြုဖို့အတွက် ၀န်ဆောင်ခ ထပ်မံပေးဖို့မလိုအပ်ပါဘူး။
Company ရဲ့ အဓိက ဆောင်ပုဒ်က ကားငှားစီးသူတွေ စိတ်ကျေနပ်မှုရရှိစေဖို့ဖြစ်ပါတယ် လို့ Car Force One ရဲ့ Founder နဲ့ CEO ဖြစ်သူ Ishai ကပြောပါတယ်။
Ishai က အငှားကားယာဉ်မောင်းအလုပ်ကို ၂၀၀၉ ခုနှစ်ကတည်းကလုပ်နေတာဖြစ်ပြီး သူ့ ရဲ့ ကားကို အမြဲတမ်း အဆင့်မြှင့်တင်နေခဲ့တာဖြစ်ပါတယ်။ ပထမတော့ Sedan ကားကိုမောင်းနှင်နေတာဖြစ်ပြီး အခုတော့ Xbox 360 , နှစ်ဆယ့်သုံးလက်မ Samsung HD Monitor , Blu-ray Player, အခပေးရုပ်သံလိုင်းတွေပါရှိတဲ့ TV, 4G Internet , ရွှေ့လျားအသုံးပြုနိုင်တဲ့ Printer စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေတပ်ဆင်ထားတဲ့ 2011 Chevrolet SUV ကိုမောင်းနှင်နေပြီဖြစ်ပါတယ်။

car-force-one-g01
ကမ္ဘာမှာ ဇိမ်အကျဆုံးနဲ့ နည်းပညာ ပစ္စည်းတွေ အများဆုံးတပ်ဆင်ထားတဲ့ကားပါလို့ Ishai ကပြောပါတယ်။
သက်တောင့်သက်သာရှိဖို့ ၊ Multi-media တွေအသုံးပြုနိုင်ဖို့၊ အလုပ်တွေလုပ်ဖို့ စတဲ့ ၀န်ဆောင်မှု သုံးမျိုးကိုပေးဖို့ ဒီကားကို ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီကားမှာပါတဲ့ ၀န်ဆောင်မှုတွေကို အောက်မှာလေ့လာနိုင်ပါတယ်။ ဒါတွေအပြင် တစ်ခြား ပစ္စည်းတွေကိုလည်း Ishai ကသူ့ ကားမှာ အမြဲတပ်ဆင်နေပါသေးတယ်။

သက်တောင့်သက်သာရှိမှု
• iPhone 4, 4s, 5, 5c, 5s , Samsung , BlackBerry ဖုန်းတွေအတွက် Charger တွေကို ထိုင်ခုံတိုင်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ထည့်သွင်းပေးထားပါတယ်။
• ကားရဲ့ မီးအလင်းအမှိန်ကို ထိန်းညှိဖို့ Remote Control ပါရှိပါတယ်။
• ဖုန်း အားသွင်းစက်နားမှာ Phone Stand လည်းပါရှိပါတယ်။
• Victoria Secret ရဲ့ Lotion တွေ၊ အမွှေးနံ့သာတွေ နဲ့ သန့်စင်ဆေးရည်တွေကိုလည်း ထားရှိပေးထားပါတယ်။ အငှားယာဉ် စီးနင်းသူတစ်ယောက်က ရွေ့လျားနေတဲ့ ရေချိုးသန့်စင်ခန်းလို့ အမည်ပေးထားပါတယ်။
• Water, Orange Juice, Apple Juice, Diet Coke, Sprite စတာတွေကိုသုံးဆောင်နိုင်ဖို့ Mini Bar လည်းပါရှိပါသေးတယ်။
• ကလေးတွေအတွက် အပူပေးတဲ့ ပစ္စည်းတွေ၊ အညစ်အကြေးသန့်စင်နိုင်မယ့် Towels တွေကိုလည်းထားရှိပေးထားပါတယ်။
• ထီး အကြီး၊ အသေး နှစ်မျိုးကိုလည်းထားရှိပေးထားပါတယ်။
• ကျန်းမာရေး ဆေးသေတ္တာ၊ အရေးပေါ် ထိုင်ခုံခါးပတ်ကိုဖြတ်နိုင်တဲ့ ဖြတ်စက်၊ ပြတင်းပေါက်ခွဲနိုင်တဲ့ ပစ္စည်း၊ မီးသတ်ဆေးဘူး စတာတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
• ကလေးတွေအတွက် ထိုင်ခုံအသေးလေးတွေပါရှိပါတယ်။

Multi-media
• 1920x1080p အရည်အသွေးရှိတဲ့ နှစ်ဆယ့်သုံးလက်မ HD Monitor ကိုတပ်ဆင်ထားပြီး Internet , Blu-ray Movies, Live Cable TV , Gaming Console, SD Card Reader တို့ကိုခံစားကြည့်ရှုနိုင်ပါတယ်။
• အခုလောလောဆည်တော့ Xbox 360 တပ်ဆင်ထားပြီး PlayStation 4 ကိုမှာယူထားပါတယ်။
• Disney , HBO တို့လို အခပေး ရုပ်သံလိုင်းတွေကိုကြည့်နိုင်ဖို့ Live Cable TV တပ်ဆင်ထားပါတယ်။
• Blu-ray Player နဲ့ တွဲဖက်ကြည့်ဖို့ Monitors နှစ်လုံးရှိပါတယ်။
• နောက်ဆုံးထွက် Magazines , Newspapers တွေထားရှိပေးထားပါတယ်။

အလုပ်တွေလုပ်ဖို့
• ၂၃ လက်မ Monitor ပါရှိတဲ့ Laptop ကိုအသုံးပြုထားပြီး Wireless Keyboard, Mouse ပါရှိပါတယ်။
• 4G Wi-Fi ပါရှိပြီး နှစ်သက်ရာ Device တွေမှာ ချိတ်ဆက်သုံးနိုင်ပါတယ်။
• 4×6 Photo Printer, All In One Scanner/Printer, HP OfficeJet Printer စတဲ့ ရွှေ့လျားအသုံးပြုနိုင်တဲ့ Printer သုံးလုံးပါရှိပါတယ်။
• Keyboard, Mouse တွေကိုတင်ပြီးအသုံးပြုနိုင်ဖို့ ချိန်ညှိနိုင်တဲ့ စားပွဲပါရှိပါတယ်။
• Memory Card ကဖိုင်တွေကိုကူးပြောင်းဖို့ SD Card Reader ပါရှိပါတယ်။
Car Force One ကို ငှားရမ်းစီးဖို့ အတွက်ဈေးနှုန်းက ခရီးတိုလေးတွေအတွက် အနည်းဆုံး ၃၅ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး Upper West Side ကနေ Wall Street ကိုငှားရမ်းစီးမယ်ဆိုရင် အနည်းဆုံး ၄၅ ဒေါ်လာကျသင့်မှာပါ။ အဲဒီခရီးကိုသွားဖို့ သာမာန်အဝါရောင် အငှားကားတွေကို စီးမယ်ဆိုရင် ၂၀ ရာခိုင်နှုန်း Tip ပေးတာအပါအ၀င် ၃၀ ဒေါ်လာကျသင့်မှာဖြစ်လို့ Car Force One ဟာ အလွန်ဈေးမကြီးမြင့်ဘူးလို့ဆိုရမှာပါ။ ဒီထက်သက်သာတဲ့ဈေးတွေကိုသတ်မှတ်ပေးမယ်လို့ Ishai ကပြောပါတယ်။ တစ်ခါတစ်လေ ခရီးတိုလေးတွေကို အခမဲ့ မောင်းပို့ပေးတတ်ပါသေးတယ်။
Car Force One ကို သုံးချင်တဲ့ အချိန်မှာခေါ်ယူလို့မရသေးဘဲ ကြိုတင် မှာယူထားရတယ်လို့ပြောပါတယ်။ Car Force One ကိုစီးနင်းကြတဲ့ ကားငှားစီးသူအရေအတွက်များလို့ဖြစ်ပါတယ်။ မတ်လအတွက် စာရင်းပေးသွင်းမှုတွေကို အရင်နှစ် ဇွန်လ ကတည်းက ရရှိနေတာလို့ပြောပါတယ်။ ခရီးသည်အများစုက လေဆိပ်သွားဖို့နဲ့ အလုပ်နဲ့ပတ်သက်တဲ့ ခရီးသည်တွေကိုကြိုဖို့ငှားရမ်းကြတာများတယ်လို့ပြောပါတယ်။ www.carforceone.com ၀က်ဆိုက်ကိုသွားပြီး Username “carforceone” , Password “president” ကိုအသုံးပြုပြီး ကားငှားစီးဖို့ ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါတယ်။
Ishai ကသူ့ကားကို နောက်ထပ် အဆင့်မြှင့်တင်ဖို့ လွန်စွာ စိတ်အားထက်သန်နေပြီး January လမှာ Las Vegas မှာပြုလုပ်မယ့် Consumer Electronics Show ကိုသွားဖို့ လက်မှတ်တောင်၀ယ်ယူပြီးဖြစ်ပါတယ်။ အဲဒီပွဲမှာ သူ့ကားအတွက် နောက်ဆုံးပေါ် နည်းပညာပစ္စည်းတွေကို၀ယ်ယူမှာဖြစ်တယ်လို့သိရပါတယ်။သူ၀ယ်ယူမယ့် ပစ္စည်းတွေကတော့
• 4K or 3D Monitor
• Wireless Phone Charging Dock
• Karaoke Machine
• Heated and Cool Cup Holders
• Mousepad
တို့ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ နည်းပညာပစ္စည်းတွေက Car Force One ကိုစီးနင်းဖို့ စွဲဆောင်နိုင်တာမဟုတ်တာကိုတွေ့ရပါတယ်။ Ishai က သူ့ကား ကို ထပ်ပြီးပြန်လာစီးတဲ့သူတွေကို မေးကြည့်ရာမှာ ယုံကြည်စိတ်ချရမှု နဲ့ ဆက်ဆံရေးပြေပြစ်မှုတို့ကြောင့်လို့ ခရီးသည်တွေကပြောကြပါတယ်။ Car Force One ကို ပထမဆုံး စီးနင်းကြတဲ့သူတွေကတော့ အံ့သြစရာကောင်းတဲ့ Car Force One ရဲ့ Features တွေကို နှစ်သက်ကြပါတယ်။ သမ္မတ တစ်ယောက်လို စမတ်ကျကျ ကားစီးချင်ရင်တော့ Car Force One ကို စီးနင်းနိုင်ပါပြီ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “နည်းပညာမြင့် ပစ္စည်းတွေတပ်ဆင်ထားတဲ့ အငှားကား စီးကြမလား

  1. မစီးဘူး။ ရှုပ်ရှက်ကိုခတ်နေတာပဲ အငှားကားထဲမှာ တစ်နေကုန်နေမှာလည်းမဟုတ်ဘူး။ အဲဒါတွေလည်းမလိုဘူး။ ဘယ် computer ကမှ ကိုယ်အမြဲတမ်းကိုင်တဲ့ computer လောက်မကောင်းနိုင်ဘူး။ ခရီးသွားရင် သီချင်းအကျယ်ကြီးဖွင့်တာ အန္တရယ်များတယ်။ နားထောင်ချင် driver ကို အနှောက်အယှက်မဖြစ်စေတဲ့ ကိုယ့်နားကျပ်နဲ့ပဲနားထောင်တာအကောင်းဆုံးပဲ။ သတင်းဖတ်ချင်ရင် ကိုယ့် tablet ကိုဆောင်ထားပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *