“Galaxy Series” တွေလို့ ဆိုလိုက်တာနဲ့ Samsung ကုမ္ပဏီကို ပြေးမြင်မိကြမှာပါ။ အခုလည်း Samsung ရဲ့ Smart Watch အသစ်ကို Galaxy Gearလို့ နာမည်ပေးထားပြီး ကုမ္ပဏီရဲ့ ရှိပြီးသား Galaxy Series တွေရဲ့ မိသားစု အသစ်တစ်ခု ဖြစ်လာမှာပါ။ Samsungရဲ့ Smart Watch နာမည်ကတော့ အမေရိကရဲ့ patent officeမှ ဖော်ပြထားခြင်း ဖြစ်ပါတယ်။ ၎င်းရဲ့ အကြောင်းကိုတော့ အနည်းငယ်ဆိုသလောက်သာ သိရသေးတာဖြစ်ပြီး Android OSကို သုံးမှာ သေချာသလောက် ရှိတယ်လို့ ဆိုပါတယ်။
ကောလာဟလတွေ အရလည်း အဆိုပါ Galaxy Gearဟာ လာမယ့် စက်တင်ဘာလ ၄ရက်နေ့မှာ တရား၀င်မိတ်ဆက် ကြေညာတော့မှာပါတဲ့။ ခုချိန်ကနေဆိုရင်တော့ တစ်လအကြာမှာပေါ့။
“Galaxy Gear” Smart Watch ဟာ Internet အသုံးပြုလို့ ရနိုင်ခြင်း၊ ဖုန်းခေါ်ဆိုနိုင်ခြင်း၊ အီးမေးလ် ဖတ်ရှုခြင်းနဲ့ Text Message ပို့ခြင်း စတာတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ patent officeရဲ့ applicationအရ သိရပါတယ်။
စိတ်၀င်စားဖို့ကောင်းတဲ့ အချက်ကတော့ အဲဒီ Smart Watch ဟာ သင့်ရဲ့ Smartphone နဲ့ ချိတ်ဆက်ထားစရာ မလိုပါဘူးတဲ့။ ဒါပေမယ့် သီးခြား အင်တာနက် ဒေတာ သုံးဖို့ telecommunication provider တွေနဲ့ စာချုပ်ချုပ်ဖို့ လိုအပ်မှာလားဆိုတာတော့ စဉ်းစားစရာပါပဲ။
Samsung အနေနဲ့ စက်တင်ဘာ ၄ရက်နေ့မှာ တကယ်ပဲ အဆိုပါ Smart Watch ကို ထုတ်နိုင်ခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ ပြိုင်ဘက် Appleကို လက်ဦးမှု ရယူနိုင်မှာပဲ ဖြစ်ပါတယ်။
Apple ကတော့ သူ့ရဲ့ smart watchကို ယခုနှစ်နှောင်းပိုင်းမှာ ထုတ်လုပ်ဖြန့်ချိသွားဖို့ စီစဉ်ထားပါတယ်။
The iPhone ထုတ်လုပ်သူကြီးကတော့ iWatch ဆိုတဲ့ trademarkကို ဒီနှစ် အစောပိုင်းတုန်းက Register လုပ်ခဲ့ပါသေးတယ်။ ပြီးတော့ ရုရှားနဲ့ ဂျပန်နိုင်ငံတွေမှာလည်း trademark လျောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ မည်သို့ပင်ဆိုစေ ၎င်း trademarkဟာ အမေရိကားနဲ့ ဥရောပမှာတော့ Register လုပ်ပြီးသားဖြစ်ပါတယ်လို့ သိရပါတယ်။
Samsungရဲ့ trademark application အပြည့်အစုံကိုတော့ ဒီနေရာမှာ လေ့လာလို့ ရပါတယ်။
One thought on “Galaxy Gearလို့ အမည်တွင်မယ့် Samsung ရဲ့ smart watch”