News

Galaxy Gear ကို Galaxy S4 , S3 အပြင်တစ်ခြား Samsung Phone တွေနဲ့ တွဲဖက်သုံးနိုင်တော့မည်။

Samsung ရဲ့  Smartwatch ဖြစ်တဲ့ Galaxy Gear ဟာ ပထမ တော့ Galaxy Note 3 တစ်မျိုးထဲနဲ့သာတွဲဖက် အသုံးပြုနိုင်တာပါ။ ဒါပေမယ့် အခုတော့ တစ်ခြား Samsung Phone တွေနဲ့လည်း တွဲဖက်သုံးနိုင်ပါတော့မယ်။

Galaxy S4, S3 အပါအ၀င်တစ်ခြား Samsung Phone တွေနဲ့တွဲဖက် သုံးလို့ရအောင်ပြုလုပ်မယ် လို့  Samsung  ကကြေညာ လိုက်ပါတယ်။ Galaxy Gear နဲ့  တွဲဖက်သုံးနိုင်ဖို့ Android 4.3 ကို Update လုပ် ဖို့လိုပါတယ်။ Android 4.3  Update ကိုလည်း Germany မှာ S4 ရောင်းချတဲ့နေ့ကတည်းကပြုလုပ်ပေးထားပြီးပါပြီ။

ဒါ့အပြင်တစ်ခြား Galaxy Device တွေဖြစ်တဲ့  Galaxy S4 Mini, S4 Active , Mega 5.8, Mega 6.3 , S4 Zoom တို့ကိုလည်း Galaxy Gear နဲ့ တွဲဖက်သုံးနိုင်အောင် Update လုပ်ပေးမှာဖြစ်ပြီး အောက်တိုဘာလ အကုန်မှာ Update လုပ်ပေးမယ်လို့ပြောပါတယ်။

ဒီလို ပြုလုပ်ပေးခြင်းအားဖြင့် Galaxy Gear ကို စိတ်၀င်စားမှုပိုများစေလာမှာဖြစ်ပါတယ်။ ဒါဟာ Galaxy Gear ရဲ့ရောင်းအားကိုကောင်းမွန်စေမလားဆိုတာကတော့ စိတ်၀င်စားစရာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *