News

Sony Android SmartWatch 2

ဂျပန်အခြေစိုက် ကမ္ဘာကျော် Sony ကုမ္ပဏီအနေနဲ့ ၎င်းတို့ရဲ့ Latest တစ်ခုအနေနဲ့ “Sony SmartWatch 2” ကို Apple ရဲဲ့ iWatch ကိုဈေးကွက်ယှဉ်ပြိုင်ဖို့ ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ခေတ်စားနေတဲ့ “Wearable Devices” တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ SmartWatch 2 ဟာ ရေစိုခံပြီး Daylight-Friendly မြင်ကွင်းနဲ့ သုံးလေးရက်အထိ ခံတဲ့ Battery လည်း ပါ၀င်ပါတယ်။

၁.၆လက်မနဲ့ 220×176 pixels Display တပ်ဆင်ထားတဲ့ Screen ဟာ ရုပ်ရှင်တွေ ကြည့်ဖို့တော့ သေးငယ်လွန်းပေမယ့် အဆိုပါ Smart Watch ထဲမှာ ထည့်သွင်းထားတဲ့ နည်းပညာတွေရဲ့ စွမ်းအားကတော့ နေရောင်ခြည်ထဲမှာ စာဖတ်ဖို့အတွက် အလွန်ကောင်းမွန်တယ်လို့ ဆိုပါတယ်။

ဒီနာရီက Android အသုံးပြုမောင်းနှင်မှာတော့ မဟုတ်ပါဘူး။ Sony က Custom Software တစ်ခု ရေးသားပေးထားပြီး Android Device တွေနဲ့ အလွယ်တကူ ချိတ်ဆက်နိုင်အောင် ဖန်တီးပေးထားမှာပါ။

Android Smartphone အတွက် အဖော်တစ်ခု ဖြစ်အောင် ဒီဇိုင်းထွင်ထားသည့်အလျောက် Sony SmartWatch 2 ကို remote သဖွယ် သုံးပြီး ဓာတ်ပုံရိုက်တာ၊ ပြက္ခဒိန် ကြည့်တာနဲ့ ဖုန်းပြန်ဖြေတာတွေကို သင့်ရဲ့ Smartphone အစား သုံးနိုင်ပါတယ်။

အထူအားဖြင့် ၉မီလီမီတာသာ ရှိတဲ့အပြင် အတော်လေးပါးပြီး လှပသပ်ရပ်တဲ့ပုံစံနဲ့ စတီးလ်လက်ပတ်က စပြီး သားရေလက်ပတ်ထိ အရောင်အသွေးစုံ ရရှိနိုင်တဲ့ Sony SmartWatch 2 ပဲ ဖြစ်ပါတယ်။

Apps 200 ကျော်လောက်ဟာ Sony ရဲ့ SmartWatch Ecosystem အတွက် ဖန်တီးထားပြီး ဖြစ်ပါတယ်။ သို့သော်လည်း Sony ရဲ့ Developer တွေဟာ ဒီနာရီကို ဖြန့်ချိမယ့် စက်တင်ဘာလ မတိုင်မီမှာ Apps တွေ ပိုမို ရေးသားသွားနိုင်မယ်လို့ ရည်မှန်းထားပါတယ်။

NFC (Near Field Communication) လို့ ခေါ်တဲ့ နည်းပညာလည်း ပါ၀င်လာပြီး Sony ရဲ့ နောက်ဆုံးထွက် “Xperia Z Ultra” အပါအ၀င် Sony Smartphone တွေနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပြီး အီးမေးလ်ဖတ်တာ၊ Message စာရိုက်တာနဲ့ အခြားအရေးကြီးတဲ့ အချက်အလက်တွေကို လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *