Gadgets

Apple ရဲ့ iWatch စမတ်နာရီမှာ UV Light Sensor ပါရှိမည်

ကာလရှည်ကြာ သတင်းထွက်နေခဲ့တဲ့ Apple ရဲ့ iWatch စမတ်နာရီ နဲ့ ပတ်သက်ပြီး သတင်းတစ်ပုဒ် ထပ်မံ ထွက်ပေါ်လာပါတယ်။ သတင်းအရ iWatch မှာ UV Light Sensor တပ်ဆင်ထားမယ်လို့ သိရပါတယ်။ အဲဒီ Sensor ဟာ Ultra Violet ရောင်ခြည် ကို တိုင်းတာပေးမှာ ဖြစ်ပြီး နေလောင်မှု ဖြစ်ပေါ်နိုင်တဲ့ အနေအထား ရောက်ရှိရင် ၀တ်ဆင်သူ ကို သတိပေးနိုင်ပါတယ်။ အဲဒီ Sensor ကို Silicon Labs မှ ထုတ်လုပ်ပေးတယ်လို့ သတင်း က ဆိုပါတယ်။

Silicon Labs က UV Sensor ကို ဖေဖော်ဝါရီလ မှာ ကြေညာခဲ့တာဖြစ်ပြီး ဈေးကွက်ထဲမှာ ရှိတဲ့ UV Sensor တွေထဲမှာ Chip တစ်ခုထဲကို အသုံးပြုထားတဲ့ ပထမဆုံး Sensor ဖြစ်တယ်လို့ ကြေညာပါတယ်။ စမတ်နာရီ မှာ အခြား Sensor များပါရှိပြီး Sensors များဟာ သွေးထဲမှာ ရှိတဲ့ အောက်ဆီဂျင်ပမာဏ ၊ နှလုံး နဲ့ သွေးခုန်နှုန်း တွေကို တိုင်းတာပေးနိုင်ပါတယ်။ အဲဒီစွမ်းဆောင်ချက်အားလုံး ဟာ Silicon Labs ရဲ့ Chip မှာ ပါရှိမှာ မဟုတ်ပါဘူး။ Silicon Labs ရဲ့ Chip က ၂ မီလီမီတာ ပတ်လည် အရွယ်အစား ရှိပါတယ်။

iWatch နဲ့ ပတ်သက်ပြီး နောက်ထပ်သတင်းတစ်ခု က DigiTimes က ထွက်ပေါ်လာတာဖြစ်ပြီး iWatch ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ကနေ စက်တင်ဘာလ အတွင်း မှာ ရောင်းချမယ်လို့ ပြောပါတယ်။ Apple က ၂၀၁၄ ခုနှစ် အတွင်းမှာ iWatch အလုံးရေ ၆၅ သန်း ရောင်းချရဖို့ ရည်မှန်း ထားတယ် လို့ DigiTimes က ပြောပါတယ်။ Apple က iWatch ကို ထုတ်လုပ်ဖို့ အတွက် Quanta Computer ကို ရွေးချယ်ထားပြီးပြီလို့ သိရပါတယ်။

စမတ်နာရီ မှာ ပါတဲ့ ထိတွေ့မျက်နှာပြင် ကို TPK က ထုတ်လုပ်မယ်လို့ ပြောပါတယ်။ စမတ်နာရီ မှာ အသုံးပြုမယ့် Processor ကို Apple က ဒီဇိုင်းရေးဆွဲမှာ ဖြစ်ပါတယ်။ iWatch အတွက် အစိတ်အပိုင်းတွေ ကို သြဂုတ်လ မှာ ရရှိမယ်လို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *