News

Samsung၏ Galaxy Note 3နဲ့ Galaxy Gearစမတ်နာရီ တို့ကို မြန်မာပြည်မှာ ၀ယ်လို့ရပြီ

မကြာသေးမီကမှ Samsungက ထုတ်လုပ်လိုက်သည့် Galaxy Note 3 Phabletနှင့် Galaxy Gearစမတ်နာရီ တို့ကို မြန်မာနိုင်ငံရှိ Samsung Brand Shopများတွင် ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၂၇၊ ၂၈၊ ၂၉ သုံးရက်တွင် အထူးဈေးနှုန်းများဖြင့် ရောင်းချသွားမည် ဖြစ်ပြီး ရန်ကုန်၊ မန္တလေးနှင့် Samsungအရောင်းဆိုင် ရှိသော အခြားမြို့ကြီးများတွင်ပါ တစ်ချိန်တည်း ၀ယ်ယူနိုင်မည် ဖြစ်သည်။ အဆိုပါ Galaxy Note 3တွင် မြန်မာစာ အသင့်ပါ၀င် စီစဉ်ပေးထားပြီး Galaxy Note 3နှင့် View Coverကို ၇၁၅၀၀၀ကျပ်၊ Galaxy Note 3, View Coverနှင့် Galaxy Gearစမတ်နာရီကို ၉၅၅၀၀၀ကျပ် သတ်မှတ်ထားကာ Galaxy Gearစမတ်နာရီ ၀ယ်ယူလျှင်တော့ ၂၅၈၀၀၀ကျပ် ကျသင့်မည် ဖြစ်ပါသည်။

အဆိုပါ ဈေးနှုန်းများသည် စက်တင်ဘာ ၂၇၊ ၂၈၊ ၂၉ သုံးရက်တွင်သာ သတ်မှတ်ထားသော ဈေးနှုန်းဖြစ်ကာ မြန်မာနိုင်ငံကွန်ရက်နှင့် စစ်ဆေးထားခြင်း မရှိသည့် LTE Versionကိုမူ တင်သွင်းခြင်း မရှိကြောင်း သိရသည်။ 32GB Model တစ်မျိုးတည်းသာ ရောင်းပေးသွားမည် ဖြစ်ပြီး လာမည့် စက်တင်ဘာ ၂၅ရက်နေ့တွင်လည်း Samsungမှ ရန်ကုန်မြို့၊ ပြည်လမ်းရှိ Junction Squareတွင် Galaxy Note 3နှင့် Galaxy Gearတို့ကို ခင်းကျင်းပြသကာ မိတ်ဆက်ပွဲ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ၀ယ်ယူလိုသူများ အနေဖြင့် အဆိုပါပွဲတွင် ကြိုတင်စာရင်း ပေးသွင်းနိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

5 thoughts on “Samsung၏ Galaxy Note 3နဲ့ Galaxy Gearစမတ်နာရီ တို့ကို မြန်မာပြည်မှာ ၀ယ်လို့ရပြီ

  1. Galaxy Gear ကဘယ်လောက်လဲ?

    1. Myanmar ICT says:

      Myanmar ICT Websiteမှာ ပြည့်ပြည့်စုံစုံ ရေးပေးထား ပါတယ်၊ ပေးထားတဲ့ Linkကနေ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

    2. Nay Lin says:

      note 3 ကဘယ်လောက်လဲ

  2. Sun King says:

    စိတ်ကုန်တယ် ဟမ်းဟမ်းနေတဲ့ samsung

  3. Kyawhan Kyaw says:

    I wanna know cost of Note 3

Leave a Reply

Your email address will not be published. Required fields are marked *