News

Appleက iWatchအတွက် ကုန်ပစ္စည်း အမှတ်တံဆိပ် မှတ်ပုံတင်ခဲ့

Apple Files for "iWatch" Name Tradem

Apple၏ ကုန်ပစ္စည်းတစ်မျိုးဖြစ်သည့် iWatchနှင့်ပတ်သက်သည့် ကောလာဟလတွေကို မျိုးစုံ ကြားခဲ့ရပြီးနောက်တွင် Appleဟာ ဇွန်လ ၃ရက်နေ့က ဂျပန်နိုင်ငံမှာ iWatchအတွက် ကုန်ပစ္စည်းတံဆိပ် မှတ်ပုံတင်ခဲ့သည်ဟု Bloombergက ဖော်ပြခဲ့သည်။ iWatchရဲ့ကောလာဟလများသည် လွန်ခဲ့သည့် နှစ်များအတွင်းက ပျံ့နှံ့နေခဲ့သော်လည်း ယင်းသည် မည်သည့် ပုံစံမျိုးဖြစ်မည်ကို ဈေးကွက်ထဲ ၀င်ရောက်လာသည့်တိုင်အောင် မည်သူမှ သေချာစွာ မသိရှိခဲ့ကြပေ။

သတင်းဌာနတစ်ခုမှ ဖော်ပြခဲ့သည်မှာ ၄င်းသည် iOS စနစ်ဖြင့် လည်ပတ်မည်ဖြစ်ပြီး Pedometerနှင့် အခြား အာရုံခံ ပစ္စည်းများ ပါ၀င်မည်ဖြစ်ကာ ယင်းတို့က Gadgetsတွေနှင့် အသင့်တော်ဆုံး ဆောင်ရွက်နိုင်ရန် ကူညီပေးမည် ဖြစ်သည်။ Appleရဲ့ CEO Tim Cook ပြောကြားခဲ့ဖူးသည့် အံ့သြစရာကောင်းသော Hardwareများ အသုံးပြုထားသည့် Device တစ်ခုကို ၂၀၁၄ခုနှစ်၀န်းကျင်မှာ ထွက်ရှိလာမည်ဟု ဆိုခြင်းမှာ iWatchကို ဆိုလိုခဲ့သည်လား၊ သို့မဟုတ် အလားတူသည့် Appleရဲ့ ပစ္စည်းသစ် တစ်မျိုးလား ဆိုသည်ကိုဖြင့် မည်သူမှ မသိရှိကြပေ။ iWatchနှင့် ပတ်သက်ပြီး သေချာစွာ မသိရှိခဲ့ရင် Pubble Watch သို့မဟုတ် အခြားသော Samsung, Google, Microsoft တို့ရဲ့ ပစ္စည်းတွေကို သင့်ရဲ့ လက်ပေါ်မှာ တပ်ဆင်နိုင်ပြီ ဖြစ်ပါသည်။

Ref : edition.cnn.com

Related Posts

One thought on “Appleက iWatchအတွက် ကုန်ပစ္စည်း အမှတ်တံဆိပ် မှတ်ပုံတင်ခဲ့

  1. sithusoepaing says:

    appleနဲ့အပြိုင်SONY.samaungတို့ကwatchတွေလည်းအပြိုင်ထွက်လာမယ်ဆိုတော့ကောင်းပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *