News

တစ်ပတ်အတွင်း နည်းပညာသတင်းများ

နည်းပညာဆိုတာ အသစ်အသစ်တွေ အမြဲတီထွင် ဆန်းသစ်လျက်ရှိပါတယ်။ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်သလို စိတ်၀င်စားဖွယ် ဖန်တီးမှုအသစ်တွေဟာလည်း အပတ်စဉ် ထွက်ရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မြန်မာအိုင်စီတီ ပရိသတ်ကြီးအတွက် ဒီတစ်ပတ်အတွင်း နည်းပညာ သတင်းတွေထဲက စိတ်၀င်စားဖွယ် ကောင်းနိုးရာရာလေးတွေကို စုစည်းတင်ဆက် ပေးလိုက်ပါတယ်။

၁။ အရင်ဦးဆုံး မိတ်ဆက်ပေးမှာက Samsungက ထုတ်လုပ်တဲ့ ဒေါ်လာကိုးထောင်တန် OLED TVဖြစ်ပါတယ်။ မျက်နှာပြင် အကျယ် ၅၅လက်မရှိပြီး တစ်ခြားTV တွေနဲ့ မတူတဲ့အချက်က အဆိုပါ TVဟာ Curve(အကွေး) ပုံစံ ဖြစ်နေတာပါပဲ။ မကြာသေးခင်ကမှ ပွဲထုတ်ခဲ့တာ ဖြစ်ပြီး လေ့လာသူတွေကတော့ အဆိုပါ TVရဲ့ ရုပ်ထွက်အလွန် ကောင်းမွန်တယ်လို့ ညွှန်းနေကြပါတယ်။

၂။ နောက်တစ်ခုကတော့ Microsoftရဲ့ Windows 8.1ဟာ အောက်တိုဘာ ၁၇ရက်နေ့မှာ ဒေါင်းလုဒ်ရယူ သုံးစွဲနိုင်တော့မယ် ဆိုတဲ့ သတင်းပါ။ အဆိုပါနေ့ရက်ဟာ ကုမ္ပဏီအနေနဲ့ အတည်ပြုပြောကြား ခဲ့တာ ဖြစ်ပြီး ၎င်းမှာ ပါ၀င်လာတဲ့ Featureအသစ်တွေကိုတော့ ကြေညာပြီးသား ဖြစ်ပါတယ်။ Windows 8.1နဲ့ ပတ်သက်ပြီး မြန်မာအိုင်စီတီမှ ရေးထားတဲ့ ဆောင်းပါးကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

၃။ နောက်ပြီး Samsungကုမ္ပဏီက Galaxy Gearလို့ အမည်ပေးထားတဲ့ Smart Watchတစ်မျိုးကို လာမယ့် စက်တင်ဘာ ၄ရက်နေ့မှာ ပွဲထုတ်မိတ်ဆက်တော့မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဒီနေရာမှာ လေ့လာနိုင်ပါတယ်။

၄။ နောက်ပြီး Googleရဲ့ Google Searchကလည်း သင်တစ်စုံတစ်ခုကို ရှာဖွေတဲ့အခါ သင့်ရဲ့ Gmailထဲက အချက်အလက်တွေကို ဆွဲထုတ်စုစည်းပြီး ပိုမိုကောင်းမွန်တဲ့ Resultတွေ ရအောင် ဖန်တီးပေးထားတာ ဟာလည်း တီထွင်မှု အသစ်တစ်ခုပဲ ဖြစ်ပါတယ်။

၅။ မကြာသေးခင်ကမှ မိုက်ခရိုဆော့ဖ်ဟာ ၀င်းဒိုးဖုန်းတွေအတွက် YouTube Appကို ထုတ်လုပ်ဖြန့်ချိ ခဲ့ပေမယ့် ဖြန့်ချိပြီး နှစ်ရက်အကြာမှာပဲ Googleဟာ အဲဒီ Appကို ပိတ်ပင်ခဲ့ပါတယ်။ အခုအခါမှာတော့ Googleနဲ့ Microsoftတို့ ပြဿနာတွေ တက်နေကြပြီး ဘယ်လိုဖြစ်ကြတာလဲ ဆိုတာကိုတော့ ဒီနေရာမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။

၆။ ကမ္ဘာကျော်သတင်းဋ္ဌာန Mashableကို တော်တော်များများ သိကြမှာပါ။ အခုအဲဒီ Mashable၀က်ဘ်ဆိုဒ်ကို အန်းဒရွိုက်ဖုန်းတွေမှာ ကြည့်လို့ရအောင် Appဖြန့်ချိ လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါ Applicationကို Samsungနဲ့ ပူးပေါင်း လုပ်ဆောင်တာ ဖြစ်ပြီး အသုံးပြုချင်ရင်တော့ ဒီနေရာမှာ ရရှိနိုင်ပါတယ်။

၇။ စိတ်၀င်စားစရာ ကောင်းတဲ့သတင်းတစ်ခု ကျန်ပါသေးတယ်။ အဲဒါကတော့ Googleရဲ့ Chromeဟာ ကမ္ဘာ့လူသုံးအများဆုံး၊ ပေါ်ပြူလာအဖြစ်ဆုံး Browserပါတဲ့။ ၀က်ဘ်ဆိုဒ်ကြည့်ရှုသူ စုစုပေါင်းရဲ့ ၄၃%ဟာ Google Chromeကို အသုံးပြုကြပြီး Firefox, Safariနဲ့ IE (Internet Explorer)တို့ကို အသုံးပြုကြသူ အရေအတွက် များတယ်လို့လည်း သိရပါတယ်။ ကျွန်တော်တို့ အာရှတိုက်မှာတော့ Chromeအသုံးပြုသူဟာ ၄၉%ရှိပြီးအင်တာနက် အသုံးပြုတွေရဲ့ တစ်၀က်နီးပါး ဖြစ်ပါတယ်။ IEသုံးတဲ့သူ ၂၅%၊ Firefoxအသုံးပြုသူ ၁၈%၊ Safariနဲ့ အခြား Browserတွေကို သုံးတဲ့သူတွေကတော့ အနည်းငယ်ပဲ ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *