News

Samsungရဲ့ Galaxy Gearထွက်ပြီ

ကာလရှည်ကြာစွာ လူပြောသူပြောများနေတဲ့ Samsungရဲ့ Galaxy Gear Smart Watchကတော့ မနေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ပွဲထုတ်ပြသ လိုက်ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ IFAပွဲမှာ တွေ့မြင်ရမယ့် Tablets, Smartphones, TVစတဲ့ အခြားDeviceတွေနဲ့ မတူညီစွာတဲ့ အချက်ကတော့ Galaxy Gearဟာ နည်းပညာ ထုတ်ကုန် အသစ်တွေကြားထဲ Categoryအသစ် တစ်ခုအနေနဲ့ ၀င်ရောက်လာခြင်းပဲ ဖြစ်ပါတယ်။ Samsungရဲ့ Smart Watchဟာ စပေါ့နာရီ(Sport & Fitness Watch)တွေ ဖြစ်တဲ့ “Suunto”တို့၊ “Garmin”တို့လို နာမည်ကြီး နာရီတွေနဲ့ ယှဉ်ပြိုင်လိုက်တာ ဖြစ်သလို Appleရဲ့ iWatchမတိုင်ခင် လက်ဦးမှု ရယူလိုက်တာလည်း ဖြစ်ပါတယ်။

၀တ်ဆင်လို့ရတဲ့ နည်းပညာပစ္စည်းများ (Wearable Devices)တွေထဲက တစ်ခုဖြစ်တဲ့ Galaxy Gearရဲ့ ပုံစံဟာ သပ်ရပ် လှပပြီး မြန်မာအိုင်စီတီ ပရိသတ်တွေ လေ့လာနိုင်ဖို့ အတွက် Samsungရဲ့ အသစ်ထွက် စမတ်နာရီအကြောင်း တင်ဆက်ပေးလိုက် ပါတယ်။

Galaxy Gearဟာ ပုံမှန်နာရီတွေထက် ကြီးမားပြီး သေးငယ်ပြားချပ်တဲ့ စမတ်ဖုန်းလေး တစ်လုံးကို လက်ကောက်၀တ်မှာ ပတ်ထားသလို ခံစားရမှာပါ။ ဒါ့အပြင် အနည်းငယ် ကွေးညွတ်နေတဲ့ မျက်နှာပြင်ဟာလည်း စမတ်နာရီကို ပိုမိုထူးခြား ကောင်းမွန်စေမယ်လို့ သိရပါတယ်။ ၁.၆၃လက်မ အရွယ် AMOLED Touchscreenမျက်နှာပြင်နဲ့ ရုပ်ထွက် 320×320 Pixelsသာ ရှိတာကြောင့် ဓာတ်ပုံတွေ ကြည့်ရှုတဲ့ နေရာမှာ အဆင်မပြေပေမယ့် စမတ်နာရီရဲ့ Menuတွေကတော့ အနည်းငယ် ကွေးညွတ်တဲ့ ပုံစံပေါက်နေပါတယ်။

Galaxy Gearနာရီရဲ့ ကင်မရာဟာ လက်ပတ်ကြိုးမှာ တပ်ဆင်ထားတာကြောင့် အသုံးပြုရ လွယ်ကူပြီး နာရီရဲ့ မျက်နှာပြင်မှာ တပ်ဆင်ခြင်းထက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက် တစ်ခုလည်း ဖြစ်ပါတယ်။ အားလုံးခြုံကြည့် လိုက်ရင် ဒီDeviceဟာ လှပတဲ့ပုံစံ ရှိတဲ့အပြင် အရောင်အသွေးကို ရွေးချယ်နိုင်ခြင်း ဟာလည်း ကောင်းမွန်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဒီစမတ်နာရီဟာ ပထမဆုံး မျိုးဆက် ဖြစ်တာကြောင့် နောင်လာမယ့် ထုတ်ကုန်တွေ ကျရင်ပိုမို ကောင်းမွန်လာနိုင်ပါတယ်။

အဆိုပါ စမတ်နာရီဟာ သင့်ဆဲလ်ဖုန်း အတွက် အစားထိုးစရာ ပစ္စည်းတစ်ခုတော့ မဟုတ်ပါဘူး။ ဖုန်းနဲ့ နာရီကို Bluetoothနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်စေဖို့ တွဲဖက်ပစ္စည်းတစ်ခုသာ ဖြစ်ပါတယ်။ အထူးသဖြင့် သင့်အိတ်ထဲမှာ ရှိတဲ့ဖုန်းကို ထုတ်နေစရာ မလိုတော့ဘဲနဲ့ စမတ်နာရီနဲ့တင် အလုပ်တွေ လုပ်ဆောင်နိုင်တာပေါ့ခင်ဗျာ။ ယနေ့ခေတ်မှာ မျက်နှာပြင်ကျယ်ကျယ် ဖုန်းတွေလည်း ခေတ်စားလာတာကြောင့် လူကြားသူကြားထဲ ဖုန်းကြီး ထုတ်နေစရာမလိုတော့ ဘူးပေါ့။

Samsungက အစပိုင်းအနေနဲ့ ခေတ်ဆန်တဲ့ Featureအချို့ကို ထည့်သွင်း ပေးထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို နာရီရဲ့ လက်ပတ်ကြိုးကင်မရာကနေ တိုက်ရိုက် ရိုက်ယူနိုင်မယ့် “Memographer”၊ သင့်ရဲ့ Activityတွေကို Trackingလိုက်မယ့် “Pedometer”စတဲ့ Featureတွေ ပါ၀င်တာကြောင့် Galaxy Gearစမတ်နာရီနဲ့ ပိုမိုအချိန်ဖြုန်း ချင်လာအောင် ဆွဲဆောင်မှု တစ်ရပ်လို့လည်း သိရပါတယ်။ RunKeeper, Tripit, Evernote, Vivino, eBayနဲ့ Pathတို့ အပါအ၀င် Samsungရဲ့ ပါတနာကုမ္ပဏီ ၇၀တို့ရဲ့ များစွာသော Appsတွေကို အဆိုပါ မိတ်ဆက်ပွဲမှာ ကြေညာခဲ့တာကြောင့် Galaxy Gearကို ပိုမိုစိတ်၀င်စား ခဲ့ကြပါတယ်။ ဒီလို ရွေးချယ်စရာ Appတွေ များစွာ ရှိနေခြင်းကြောင့်လည်း စမတ်နာရီ တစ်လုံး ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် အဆိုပါ Appအများကြီးရဲ့ အသုံး၀င်မှုတွေကိုတော့ လေ့လာရဦးမှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က Gearစမတ်နာရီရဲ့ Performanceကတော့ 512MB RAMနဲ့ 800 MHz Processorပဲ ရှိပါတယ်။ ဒါပေမယ့် စမ်းသုံးကြည့်တဲ့ အခါမှာတော့ တုန့်ပြန်မှုတွေ မြန်ဆန်တယ်လို့ ဆိုပါတယ်။ Samsungရဲ့ စမတ်နာရီ ဈေးနှုန်းဟာ ဒေါ်လာ ၃၀၀ခန့် ရှိပါတယ်။ ဒါ့အပြင် အဆိုပါဈေးနှုန်းနဲ့ ၀ယ်ယူရမယ့် Galaxy Gearဟာ သိပ်ပြီးတော့ သစ်လွင်တဲ့ ပုံစံမပေါ်ဘူးလို့လည်း သိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *