How-to

Firefox Browser အတွက်အကောင်းဆုံး Extension များ

Browserတွေရဲ့ Functionကိုပိုပြီး ပြည့်စုံစေတဲ့ Extensionတွေရဲ့ အခန်းကဏ္ဍလည်း အရေးပါပါတယ်။ နည်းပညာ၀က်ဆိုက်တွေမှာ ဆိုရင်လည်း Browser Extensionတွေ အကြောင်းကို အလေးပေး ရေးသားကြပါတယ်။ အခုဆောင်းပါးမှာ Firefox Browserရဲ့အကောင်းဆုံး Extensionများကို ရေးပေးထားပါတယ်။

Extensionတွေကိုကဏ္ဍသုံးခုခွဲပြီး ဖော်ပြထားပါတယ်။
Productivity
Security
Utilities
Productivity
Instapaper,Pocket,Readability
အင်တာနက်က ဆောင်းပါးတွေကို ဖတ်နေရင်းနဲ့ အလုပ်ပေါ်လာခဲ့ရင် အဲဒီဆောင်းပါးကို နောက်မှဖတ်ဖို့ သိမ်းပေးနိုင်တဲ့ Servicesတွေဖြစ်ပါတယ်။ တစ်နည်းအားဖြင့်လည်း သင်နှစ်သက်တဲ့ ဆောင်းပါးတွေကို သိမ်းထားနိုင်တဲ့ Servicesတွေပါ။ ဆောင်းပါးတွေ အပြင်လင့်တွေ၊ ပုံတွေကိုလည်း သိမ်းပေးနိုင်ပြီး Mobile Phone, Tabletတွေကနေလည်း သိမ်းထားတဲ့ ဆောင်းပါးတွေကို ဖတ်ရှုနိုင်ဖို့ Applicationတွေလည်း ရှိပါတယ်။ (Instapaperကတော့ Official Extensionမရှိပါဘူး။ Bookmarkletကို သုံးနိုင်ပါတယ်။)

Download Page for
Add to Wunderlist

Wunderlistက to-do managerတစ်ခုဖြစ်ပြီး Webပေါ်က Contentတွေကိုပါ Wunderlistရဲ့ to-do managerထဲကို အလွယ်တကူထည့်သွင်း မှတ်သားနိုင်ပါတယ်။

Better Gmail

Better Gmailကတော့ Mail အသစ်၀င်လာရင် အသံမြည်ပေးနိုင်တာတွေ၊ Unread Messageတွေကို Count လုပ်ပြီးဖော်ပြပေးနိုင်တာတွေ၊ Chat Box ကို Hide လုပ်ပေးနိုင်တာတွေစတဲ့ အသုံး၀င်တဲ့ Tweaksတွေအများကြီးပါရှိတဲ့ Extensionတစ်ခုပါ။

Lazarus

Browser၀င်းဒိုးမှာ တစ်ခုခု ရေးနေတဲ့အချိန် Crashဖြစ်သွားလို့ပဲဖြစ်ဖြစ် မှားပြီး Tabကိုပိတ်လိုက်မိလို့ပဲဖြစ်ဖြစ် သင်ရေးထားတဲ့စာတွေ ပျောက်မှာစိုးရိမ်ရင်တော့ Lazarusကိုသုံးပါ။ Lazarusက သင်ရေးထားတဲ့ စာတွေကို Auto-Saveလုပ်ပေးပြီး Recoverပြန်လုပ် ပေးနိုင်ပါတယ်။

Evernote Web Clipper

အင်တာနက်ပေါ်ကဆောင်းပါးတွေ၊ စာတွေ၊ ပုံတွေ၊ လင့်တွေအားလုံးကို  Noteအနေနဲ့မှတ်ပြီး သိမ်းထားပေးနိုင်ပါတယ်။ Mobile, Tabletတွေအတွက်လည်း Applicationတွေရှိပြီး မှတ်ထားတဲ့ Notesတွေကို အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။ Webcam Note, Voice Noteတွေလည်း မှတ်သားနိုင်ပါတယ်။

Security
LastPass

Browserတွေမှာ Password Managerတွေပါရှိပေမယ့် လုံခြုံမှုမရှိပါဘူး။ သင့်Browserကို တစ်ခြားတစ်ယောက်ယောက်က အသုံးပြုရင် သင့်Passwordတွေကိုတွေ့မြင် သိရှိနိုင်ပါတယ်။ Firefox မှာ Master Passwordကိုသုံးပြီး ကာကွယ်ထားလို့ရပေမယ့် LastPassလို Password Managerက ပိုပြီးကောင်းမွန်တဲ့ Featuresတွေပါရှိပါတယ်။ LastPassက သင့်Passwordတွေကို 2-step verificationဖြင့် ကာကွယ်ထားလို့ ရပါတယ်။ Web Formတွေကို အလိုလို ဖြည့်ပေးနိုင်ပါတယ်။ Password Generatorလည်း ပါရှိပါတယ်။ Applicationတွေက Passwordတွေကိုလည်း မှတ်သားပေးနိုင်ပြီး အလိုလို ဖြည့်ပေးနိုင်ပါတယ်။ Note,Identityတွေလည်း မှတ်သားနိုင်ပါတယ်။ Passwordတွေကို သူ့အပိုင်းအလိုက် ခွဲခြား မှတ်သားနိုင်ပါတယ်။

HTTPS Everywhere

သင့်အကောင့်တွေ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခိုးယူခြင်းမခံရအောင် HTTPအစား HTTPSကိုသုံးသင့်တယ်လို့ ဆိုပါတယ်။ HTTPS Everywhereက သင့်ကြည့်တဲ့ ၀က်ဆိုက်တွေမှာ HTTPSကို Supportပေးတယ်ဆိုရင် HTTPSကို အသုံးပြုဖို့ Browserကို စေခိုင်းပါလိမ့်မယ်။

AdBlock Plus

Facebookလို Social Networkအပါအ၀င် တစ်ခြား၀က်ဆိုက်တွေဟာ ကြော်ငြာကနေ ၀င်ငွေရပြီးရှင်သန် နေကြတာပါ။ တစ်ချို့၀က်ဆိုက်တွေမှာဆိုရင် ကြော်ငြာတွေ မြင်မကောင်းအောင်တွေ မြင်နိုင်ပါတယ်။အဲဒီကြော်ညာတွေကို မမြင်ချင်ရင်တော့ AdBlock Plus ကိုသုံးပါ။ AdBlock Plus ကကြော်ညာတွေအပြင် Malwareတွေကိုပါ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ AdBlock Plusကိုသုံးခြင်းအားဖြင့် ကြော်ညာတွေကို မတွေ့မြင်နိုင်တဲ့အတွက် Browsing Speedကိုလည်း လျှင်မြန်စေပါတယ်။

Disconnect

Advertising Companyတွေ ၊ Social Networksတွေက သင်ဘယ်၀က်ဆိုက်တွေ ကြည့်တတ်သလဲ ဘာတွေကြိုက်နှစ်သက်သလဲဆိုတာ အမြဲ Trackလုပ်နေပါတယ်။ Trackလုပ်ပြီး သင်နှစ်သက်မယ့် ကြော်ငြာတွေကို ရွေးချယ်ပြီး ပြသပေးနေကြတာပါ။ သင့်ရဲ့Browsing Habitကို သူများကို မသိစေချင်ရင် Disconnectကိုသုံးပါ။ Disconnectက Trackလုပ်နေတာတွေကို တားဆီးနိုင်တဲ့အတွက် Browsing Speedကိုလည်း လျှင်မြန်စေပါတယ်။

Utilities
Greasemonkey , Stylish

တစ်ခါတစ်လေမှာ Extension သုံးစရာမလိုဘဲ Scriptတွေကိုအသုံးပြုပြီး Browserရဲ့ Functionတွေကို ပိုမိုကောင်းမွန်ပြီး သင့်စိတ်ကြိုက်ဖြစ်အောင် လုပ်နိုင်ပါတယ်။ အဲလို လုပ်ဖို့ Greasemonkeyကိုသုံးရမှာပါ။ Greasemonkeyကိုသုံးရင် Userscript၀က်ဆိုက်က scriptsတွေကို အသုံးပြုနိုင်မှာပါ။ Stylishက ၀က်ဆိုက်တွေကို သင်မြင်ချင်တဲ့ ဒီဇိုင်းနဲ့ မြင်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ Userstyles၀က်ဆိုက်က Themeတွေနဲ့ တွဲဖက်သုံးရမှာပါ။

DownThemAll ,  Video DownloadHelper

DownThemAllက Web Pageတစ်ခုပေါ်ကဖိုင်တွေ၊ လင့်တွေ၊ ပုံတွေအားလုံးကို ဒေါင်းလုပ် လုပ်ပေးနိုင်တဲ့ Download Managerတစ်ခု ဖြစ်ပါတယ်။ Downloadလုပ်နေချိန်မှာလည်း Pause, Resumeလုပ်နိုင်ပြီး Download Speedကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ Video DownloadHelperကတော့ YouTubeအပါအ၀င်တစ်ခြား Video Sitesတွေက Videoတွေကို ဒေါင်းလုပ်  လုပ်ပေးနိုင်ပါတယ်။

Download Page for
Xmarks

Firefoxက Bookmarks, Open Tabsတွေကို Syncလုပ်ပေးနိုင်ပါတယ်။ Xmarksရဲ့ပိုကောင်းမွန်တဲ့ အချက်က Firefox,Chrome,IE,Safariစတဲ့ Browserတွေကြားမှာ Syncလုပ်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် Profileတွေ သတ်မှတ်ထားနိုင်ပြီး Workမှာသုံးတဲ့ Bookmarks၊ Homeမှာသုံးတဲ့ Bookmarksစသဖြင့် ခွဲခြားပြီး Sync လုပ်နိုင်ပါတယ်။

Hola Unblocker

ISPကပိတ်ထားတဲ့ ၀က်ဆိုက်တွေ၊ မြန်မာနိုင်ငံကို ပိတ်ထားတဲ့ ၀က်ဆိုက်တွေကို ကြည့်ချင်ရင်တော့ Hola Unblockerကို သုံးပါ။

Social Fixer

Facebookကို Tweaksလုပ်ပေးနိုင်တဲ့ Extensionတစ်ခုပါ။ News Feedမှာအလိုက် Tabတွေ ခွဲပြီးကြည့်နိုင်တာတွေ၊ Unfriendလုပ်သွားတဲ့သူတွေကို Trackလုပ်တာတွေ၊ ပုံတွေအပေါ်ကို Mouse Pointerတင်လိုက်ရင် ပုံကိုအကြီးချဲ့ ပြပေးနိုင်တာတွေအပြင် Tweaksတွေ အများကြီးလုပ်ဆောင် ပေးနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *