News

Samsungစမတ်နာရီနဲ့ ပတ်သက်ပြီး သတင်းထွက်ခြင်း

Samsungရဲ့ မကြာမီ ထွက်ရှိတော့မယ့် စမတ်နာရီ Galaxy Gearအတွက် “Gear Manager”ဆိုတဲ့ Appတစ်ခု ထွက်ပေါ်လိမ့်မယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ Appဟာ လာမယ့်စက်တင်ဘာ ၄ရက်နေ့ ဂျာမနီမှာ ပွဲထုတ်ပြသမှာဖြစ်တဲ့ စမတ်နာရီကို ထိန်းချုပ်မယ့် ဆော့ဖ်၀ဲလ် တစ်ခုဖြစ်ပြီး Twitterပေါ်မှာ Screenshotတွေနဲ့ သတင်းတက်လာခဲ့တာပဲ ဖြစ်ပါတယ်။ Screenshotတွေ အရ Galaxy Gearစမတ်နာရီဟာ NFCကို ထောက်ပ့ံပေးမယ် ဆိုတာသေချာစေခဲ့ပြီး နာရီရဲ့ မော်ဒယ်နံပါတ် “SM-V700”ဆိုတာနဲ့ “Find my watch”ဆိုတဲ့ Appတစ်ခုလည်း ပါ၀င်မယ်လို့ သိရပါတယ်။

Galaxy Gearတကယ် ထွက်ရှိမယ်ဆိုတဲ့ စက်တင်ဘာ ၄ရက်နေ့က နီးကပ်လာပြီ ဖြစ်သလို ကျွနု်ပ်တို့လည်း တစ်စတစ်စနဲ့ အဆိုပါ စမတ်နာရီရဲ့ သတင်းတွေကို ရရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ စမတ်နာရီရဲ့ ပုံသဏ္႑ာန် အပါအ၀င် ကျွနု်ပ်တို့ မသိသေးတဲ့ အချက်တွေ အများကြီး ရှိပါသေးတယ်။ ဒါကတော့ တကယ်ထွက်ရှိလာမှ ပြည့်ပြည့်စုံစုံ သိရမှာဖြစ်လို့ မြန်မာအိုင်စီတီ ပရိသတ်တွေ အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်အောင် ကျွန်တော်တို့ တင်ဆက်ပေးသွားမှာပါ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *